close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအပေါ် စစ်တပ်အာဏာကြီးစိုးရေး ကြိုးပမ်းမှုပြတ်သားစွာ ဆန့်ကျင်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေတဲ့ လုပ်ရပ်ဟာ လုံး၀ လက်ခံလို့ မရဘဲ ပြတ်သားစွာဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Screengrab

ဇန်နဝါရီ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေတဲ့ လုပ်ရပ်ဟာ လုံး၀ လက်ခံလို့ မရဘဲ ပြတ်သားစွာဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ရက်မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပြောကြားတဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းရဲ့ မိန့်ခွန်းမှာ အာဏာသိမ်းစစ်တပ်က ဆန့်ကျင်လှုပ်ရှားမှုတွေကို ရှိသမျှအားနဲ့ ဖြိုခွဲချေမှုန်းနေသလို အာဏာတည်မြဲရေးအတွက် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရရှိရေး နည်းပရိယာယ်အမျိုးမျိုးသုံး ရွေးကောက်ပွဲ လုပ်ဆောင်နေမှု အခြေအနေတွေကို ပြောပြပါတယ်။

” ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆက်လက်တည်မြဲရန်နှင့် နိုင်ငံအပေါ်တွင် စစ်တပ်အာဏာ ဆက်လက် ကြီးစိုးရန် အတွက်ဖြစ်သောကြောင့် လုံးဝဥဿုံ လက်ခံ၍မရပါ၊ ကျွန်ုပ်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ရမည် ဖြစ်သည်” လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးလုပ်ဆောင်ရမယ့် အရာဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်အာဏာရှင်စနစ်ယန္တရားအားလုံးကို တိုက်ဖျက်ပြီး ဒီမိုကရေစီ အရေး၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသာလျှင် ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီး ကို တည်ဆောက်ရမှာလို့လည်း ပြောပါတယ်။

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေးကို ဦးတည်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့ ကရင်ပြည်(ခေါ်)ကော်သူးလေ ကို သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး တဆင့်ချင်းစီ တည်ဆောက်လျက်ရှိကြောင်း KNU ဥက္ကဋ္ဌက အသိပေးပြီး အခြားသော ပြည်နယ်တွေဟာလည်း ဖက်ဒရယ်ယူနစ်တွေအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

“ (၇၇)နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် အဓိကပြောချင်သည့်အရာသည် အေး ချမ်းဖွံ့ဖြိုးပြီး အမျိုးသားတန်းတူရေးရှိသည့် ကော်သူးလေနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ဖို့ရန် ကျွန်ုပ်တို့ အဖွဲ့အစည်းတစ်ခုထဲဖြင့် တည်ဆောက်၍ ရနိုင်မည်မဟုတ်ပါ၊ တော်လှန်ရေး အင်အားစုများ စည်း လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည် ဆောက်နိုင်မည်ဖြစ်ပါသည်” လို့ KNU ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

ကော်သူးလေအပါအဝင် ပြည်ထောင်စုတခုလုံး အာဏာရှင်စနစ်နဲ့တကွ အာဏာရှင် ယန္တရားအားလုံး မှ လွတ်မြောက်ဖို့ လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။

အနာဂတ်ပြည်ထောင်စုမှာ တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ ကောင်းကျိုး စီးပွားနဲ့ အခြေခံ ရပိုင်ခွင့်တွေကို အာမခံ ပေးနိုင်ရမှာ ဖြစ်ပြီး မျိုးဆက်တွေကို ငြိမ်းချမ်းခြင်း၊ ကဏ္ဍပေါင်းစုံမှဖွံ့ဖြိုးတိုးတက်သော လူမှုဘဝမျိုးကို လက်ဆင့်ကမ်းပေးရမှာ ဖြစ်လို့ ကရင်အမျိုးသားအဖွဲ့အစည်းအားလုံးနဲ့ တော်လှန်တိုက်ပွဲဝင် နေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တိုင်းသူပြည်သားတွေအနေနဲ့ စည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းအားထုတ်ပြီး တိုက်ပွဲဝင်သွားကြဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်း ကော်သူးလေအုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေး သင်တန်းပြုလုပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြပြီး ဒီလိုလုပ်ဆောင်တာဟာ အုပ်ချုပ်ရေးစနစ်ကောင်းတခု ဖြစ်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်(ခလယ်လွီထူ)ခရိုင် ကျောက်ကြီး (လယ်ဒို)မြို့နယ်နဲ့ မုန်း(မူး)မြို့နယ်မှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က ထပ်မံ ပြုလုပ်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မဲဆောက်မြို့က ထိုင်းရဲတပ်ကြပ်အား ပစ်ခတ်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေသော မြန်မာလူငယ်တစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၇ဦး ထပ်မံ အလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။