close
Connect with us

Hi, what are you looking for?

သတင်း

ICJ သွားသူ​ထောက်ခံပွဲ တစ်​ယောက်ကျပ်တစ်​သောင်း​ပေးမယ်ဆိုပြီး​ခေါ်လာသူ​တွေပါ​နေ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ စစ်​ကောင်စီစေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို စစ်တပ်​ထောက်ခံသူ နဲ့ အမျိုးသား​ရေးသမား​ဆိုသူတွေက ရန်ကုန်မြို့မှာ ​ထောက်ခံပွဲလုပ်တဲ့အခါ တက်​ရောက်သူ တစ်​ယောက်ကို တစ်​သောင်းကျပ်​ပေးမယ်ဆိုပြီး ​ခေါ်လာသူ​တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

ဇန်နဝါရီ-၂၈၊၂၀၂၆။တာရာ/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ စစ်​ကောင်စီစေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို စစ်တပ်​ထောက်ခံသူ နဲ့ အမျိုးသား​ရေးသမား​ဆိုသူတွေက ရန်ကုန်မြို့မှာ ​ထောက်ခံပွဲလုပ်တဲ့အခါ တက်​ရောက်သူ တစ်​ယောက်ကို တစ်​သောင်းကျပ်​ပေးမယ်ဆိုပြီး ​ခေါ်လာသူ​တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

စစ်​ကောင်စီဝန်ကြီး​တွေဖြစ်တဲ့ ဦးကိုကိုလှိုင် ၊​ဒေါက်တာ​သီတာဦး တို့ ဦး​ဆောင်တဲ့ICJကိုသွား​ရောက်အမှုရင်ဆိုင်​နေတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့မှာ ဇန်နဝါရီ ၂၇ ရက်၊မွန်းလွဲ ၂ နာရီမှာပြုလုပ်ခဲ့တာပါ။ အမျိုးသား​ရေးသမားလိုဆိုတဲ့ လူသိများတဲ့ပုဂ္ဂိုလ်အချို့အပါအဝင်တတ်ရောက်သူရာနဲ့ချီပြီးရှိခဲ့တာဖြစ်ပါတယ်။

ပွဲတတ်လာတဲ့ ထောက်ခံသူအချို့ကို People’s Spring က​မေးတဲ့အခါတစ်ယောက်ကျပ်တစ်သောင်းနဲ့ လှိုင်သာယာဘက်ကနေ ခေါ်ယူခဲ့တာဖြစ်တယ်​ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

“ ကျွန်တော်တို့ကို တစ်ယောက်တစ်သောင်းပေးမယ်ဆိုပြီး ခေါ်လာတာ။ အဲဒါနဲ့လိုက်လာတာ။ ပွဲကပြီးသွားတာတောင် ခုထိပိုက်ဆံမရသေးဘူး” လို့လှိုင်သာယာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

တစ်​ယောက်တစ်​သောင်း​ပေးမယ်ဆိုပြီး​ခေါ်လာသူအ​ရေအတွက် ဘယ်​လောက်များလဲဆိုတာကို​တော့ People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး ။ဒါ​ပေမယ့် တက်​ယောက်သူ ၄ ဦး​မေးတာမှာ ၄ ဦးစလုံးက တစ်​သောင်းစီရမယ်ဆိုလို့လိုက်လာတာလို့​ပြောတာဖြစ်ပြီး ၂ ဦးကပိုက်ဆံမရ​သေးပါဘူး ။

စစ်တပ်က​နောက်ကွယ်က​ထောက်ပံ့ထားတဲ့ အမျိုးသား​ရေးလှုပ်ရှားသူ​တွေ ၊မဘသ​တွေဟာ ​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ အရပ်သားအစိုးရအ​ပေါ် ဆန့်ကျင်ကန့်ကွက်ပွဲ​တွေ မကြာခဏလုပ်ကြပါတယ် ။အဲဒီပွဲ​တွေတုန်းကလိုက်ပါလာသူ​တွေကို ​မေးမြန်းတဲ့အခါ တစ်ရက်ကို စားပြီး​သောက်ပြီး စားရိတ်ငြိမ်းကျပ်ငါး​ထောင်

ရ​လေ့ရှိတယ်လို့​​ပြောကြပါတယ် ။ ဒါ​ကြောင့်အခု ICJ သွားတဲ့သူ​တွေ​ထောက်ခံပွဲမှာ လိုက်လာသူ​တွေကို ​ပေးတဲ့နှုန်းက ၅၀၀၀ ကျပ်ပိုများလာတာဖြစ်ပါတယ် ။ဒါ​ပေမယ့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကျပ်​ငွေ​​ဖောင်းပွနှုန်းက အဆ​ပေါင်းများစွာရှိခဲ့တာဖြစ်ပါတယ် ။ ဒါ​ကြောင့် ကျပ်တစ်​သောင်းဆို​ပေမယ့် ၂၀၂၀ မတိုင်ခင်က ကျပ် ၅၀၀၀ ​လောက်အသုံးမခံ​တော့ပါဘူး ။

​ဒါအပြင်ပွဲတက်လာသူ​တွေထဲမှာ ကြံ့ဖွံ့ ၊တဆည၊PPP ၊ ကျားဖြူစတဲ့ပါတီ ဝတ်စုံဝတ်ထားသူအချို့ကိုလည်း​တွေ့ရတယ်လို့ ပွဲကိုသွားခဲ့သူအချို့က​ပြောပါတယ် ။

ICJ သွား​ရောက်​ဖြေရှင်း​နေတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲမှာအမျိုးသား​ရေးလှုပ်ရှားသူ​တွေဆိုတဲ့ အရှင်သုစိတ္တ၊ ဝင်းကိုကိုလတ်၊ထိန်လင်းတို့က ဟောပြောခဲ့ကြပါတယ်။ အမျိုးသား​ရေးသမားဆိုသူ​တွေဟာ စစ်တပ်အာဏာမသိမ်းခင်က ​ရွေး​ကောက်ခံအရပ်သားအစိုးရကို ​ခေါင်းစဥ်မျိုးစုံနဲ့ ဆန္ဒပြကန့်ကွက်ပွဲ​တွေ လုပ်ခဲ့ကြပါတယ်။ဒါ​ပေ

မယ့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ ဆန္ဒပြတာ​တွေ​ နည်းသွားပါတယ် ။

၁၀၂၇ စစ်ဆင်​ရေး​ကြောင့် စစ်တပ်က တပ်ရင်း​တွေ ၊တပ်ရင်းဌာနချုပ်​တွေ ၊မြို့​တွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးအထိနာ​နေချိန်မှာ ​မြောင်ပိုင်းမဟာမိတ် ညီ​နောင်သုံးဖွဲ့ နဲ့ ပြည်ပမှ ကူညီ​နေတဲ့နိုင်ငံဆိုပြီး တရုတ်အစိုးရကို ဆန္ဒပြခဲ့ကြပါ​သေးတယ်။ အဲဒီ​နောက် အမျိုးသား​ရေးအစွန်း​ရောက်​တွေ ငြိမ်သက်​နေရာက ICJ မှာ ဂမ်ဘီယာကတရားစွဲလို့ အမှုရင်ဆိုင်ချိန်မှာ ပြန်လည်​ပေါ်လာကြတာဖြစ်ပါတယ် ။ ဒါအပြင် အမျိုးသား​ရေးသမားအချို့ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက် မြို့ပြ​ပျောက်ကျားအဖွဲ့အချို့က ​သေနတ်နဲ့ပစ်ခတ်လို့ ​သေဆုံးသူအချို့ရှိခဲ့ပါတယ်။ဒါ​ကြောင့် လူသိများသူအချို့ဟာ လူမြင်ကွင်းက​နေ ကာလအ​တန်ကြာ​ပျောက်​နေတာဟာ ​ပစ်ခတ်လုပ်ကြံခံရမှာ​ကြောက်တာနဲ့လည်းဆက်စပ်နိုင်​တယ်လို့ ပြည်သူအချို့က​ပြောပါတယ် ။

ICJမှာ ဂမ်ဘီယာ-မြန်မာအမှုနဲ့ပတ်သက်လို့ အပြီးသတ်စစ်ဆေးကြားနာမှုတွေ ဒီသီတင်းပတ်မှာပဲ ပြီးဆုံးမှာဖြစ်ပါတယ်။ဒါပြီးရင် ICJ က မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ချက်ကို ကြေညာဖို့ပဲ ကျန်ရှိပါတော့တယ်။ အဲဒီဆုံးဖြတ်ချက်ဟာ လပေါင်းများစွာ ကြာမြင့်နိုင်ပြီး နိုင်ငံတကာတရားရုံးတွေရဲ့ ဘဘောတရားအရ တစ်နှစ်လောက် ကြာနိုင်တယ်လို့ လက်ရှိ အမေရိကန်ပြည်ထောင်စု Cornell University ဥပဒေပညာဌာနရဲ့ ဧည့်ပါမောက္ခ ဒေါက်တာစုယဥ်ထွန်းက People’s Spring ကိုပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာတရားရင်ဆိုင်နေတဲ့ကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲတွေမှာ ICJ တရား ရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်တာတွေမလုပ်ဖို့ အာဏာသိမ်း မြန်မာစစ်ကောင်စီက နောက်လိုက်နောက်ပါ ထောက်ခံသူတွေကို သတိပေးချက်ထုတ်ပြန်လာပါတယ်။

အတွေးအမြင်

အာဖရိကအနောက်ဘက်ကသေးငယ်တဲ့ နိုင်ငံလေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) မှာ တရား စတင်စွဲဆိုခဲ့ပါတယ်။ အခုဆိုရင် တရားရင်ဆိုင်နေရတာ ၆ နှစ်ရှိပါပြီ။

သတင်း

■သီတဂူဆရာ​တော်၊ဦးဝီရသူ ၊မဘသနဲ့ အစွန်း​ရောက်အမျိုးသားရေးဘုန်းကြီးတွေလူမျိုးတုံးသတ်ဖြတ်ဖို့ဝါဒဖြန့်ချီလှုံ့​ဆော်မှု​တွေမှာပါဝင်ခဲ့ကြောင်းသက်သေတွေနဲ့တကွICJမှာတင်ပြ ဇန်နဝါရီ-၁၄၊၂၀၂၆။လီလီယန်/People’s Spring ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ ရှေ့နေချုပ်လည်းဖြစ်သူ တရားရေးဝန်ကြီး မစ္စတာဒေါ်ဒါဂျယ်လိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုတွေရဲ့...

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံမှာရှိတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ကြားနာမှုဟာ ဒီက​နေ့မှာစတင်မှာဖြစ်ပါတယ်။

Facebook