close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီး ၅ နှစ်အတွင်းမြန်မာ့အကျပ်အတည်းပိုဆိုးလာကြောင်းကုလသမဂ္ဂအကြီးအကဲ​ပြော

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ-၃၁၊၂၀၂၆။People’s Spring

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။

အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၅ နှစ်တိတိ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီ ၅ နှစ်တာအတွင်း စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် မတရားဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သလို ပြည်တွင်း ပဋိပက္ခတွေလည်း ပိုမို ဆူပွက်လာခဲ့ပါတယ်။

ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းပြီးစစ်တပ်ကအာဏာသိမ်းယူခဲ့တာ ၅ နှစ် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး မြန်မာပြည်သူတွေက အကြီးအကျယ် နာကျင်ထိခိုက် ခံစားနေရဆဲလို့ ဇန်နဝါရီ ၃၀ မှာ ဂူတာရက်စ်ရဲ့ သဘောထား မှတ်ချက်ကို သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာဟန်ဟက်က ထုတ်ပြန်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရတဲ့ သံသရာ စက်ဝန်းက ဆက်ပြီး လည်ပတ်နေသလို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ စည်းမျဉ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ဆက်ရှိနေကြောင်း ဂူတာရက်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေက ဆက်တိုက် ယိုယွင်းကျဆင်းလာနေပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ စီးပွားရေး ထိခိုက်မှုတွေ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ၊ လူပေါင်း ၅.၂ သန်းလောက် အစုလိုက် ရွှေ့ပြောင်းနေရတာတွေ အပေါ်မှာလည်း ကုလသမဂ္ဂ အကြီးအကဲကစိုးရိမ်နေတယ်လို့ဟက်ကပြောကြားသွားပါတယ်။

သူ့ရဲ့ သဘောထား ကြေညာချက်ထဲမှာတော့ စစ်တပ်က အရပ်သား ဧရိယာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကိုလည်း ဂူတာရက်စ်ကအပြင်းအထန် ရှုတ်ချထားပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အစုအဖွဲ့ အသီးသီး အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အခြေအနေတိုင်းကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့လည်း ဂူတာရက်စ်က တိုက်တွန်းထားခဲ့ပါတယ်။

ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ မြန်မာ့ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အပါအဝင် ဒေသတွင်း မိတ်ဖက်တွေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

ကိုးကာ-UN 

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်ဆွေးနွေးပွဲခေါ်ယူထားပြီး လာမယ့် တနင်္လာနေ့(ဒီဇင်ဘာ ၂၂ရက်) မနက်ပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမ္မတ ဦးမြင့်ဆွေ ပိုင်ဆိုင်တဲ့ မန္တလေးမြို့ ရှိ မြေကွက်ကို သမက်ဖြစ်သူ က ရောင်းစားလိုက်တဲ့အတွက် ဖြေရှင်းပေးဖို့ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူက ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်)ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာမှာကြေညာချက် ထည့်လာပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်ခါနီးမှာပဲ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီယာ-ဘစ်ဆောမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။