close
Connect with us

Hi, what are you looking for?

သတင်း

ရွှေစျေးဆက်တက်၊ တစ်ကျပ်သား ကျပ် ၁၀၆သိန်းရှိလာ

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၆ ၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၂၆ ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေစျေးက တအောင်စ ၅,၀၈၂ ဒေါ်လာဖြစ်လာပြီး မြန်မာ့ ရွှေစျေးလည်း ၁၆ ပဲရည် တစ် ကျပ်သား သိန်း ၁၀၀နဲ့ ခြောက်သိန်းဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

“ ကမ္ဘာ့စစ်ကိုမူတည်ပြီးစျေးကတောက်လျှောက်တက်နေတာပါတယ်။အထူးသဖြင့် အီရန် ကို တိုက်မယ့်အရေး က နေ့လား ညလားဖြစ်နေတယ်။ဖြစ်ခဲ့ရင်လည်း ရွှေစျေးက ဆက်တက်မှာပဲ။ပြည်တွင်းရွှေစျေးက ဒေါ်လာစျေးနဲ့ဆိုင်တယ်။ ကျပ်ငွေတန်ဖိုး က ထပ်ကျဖို့ပဲရှိနေရင် ပြည်တွင်းရွှေက ကျစရာ အကြောင်းမရှိဘူး” လို့ ရွှေစျေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ ရွှေအတက်စျေးကြောင့် ပြည်တွင်းရွှေ စျေးကွက် မနေ့က (ဇန်နဝါရီ ၂၅ ရက်) စျေးထက် ဒီကနေ့မှာ တကျပ်သားကို နှစ်သိန်းဝန်းကျင် ဆက်တက်နေတယ်လို့ အသိပေးပါတယ်။

ကမ္ဘာ့ရွှေအတက်စျေးကြောင့် ဇန်နဝါရီ ၂၀ ရက်ကစပြီး ပြည်တွင်းရွှေ စျေးက တစ်ကျပ်သား သိန်း ၁၀၀ ကျော်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာ တွေ ရှိပေမယ့် အိမ်အရောက် ရွှေလိုက်ဝယ်သူတွေ ရှိတယ်လို့ဘသိရပါတယ်။

ပြည်တွင်း ရွှေစျေးကွက်အရ ဒီကနေ့ မနက်ပိုင်း အဖွင့်စျေးက ၁၆ ပဲရည်တစ်ကျပ်သားကို အရောင်း သိန်း သိန်း ၁၀၀ နဲ့ ခြောက်သိန်း ဖြစ်ပြီး အဝယ်စျေး တစ်သိန်း ခွာထားပါတယ်။၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးကလည်း သိန်း ၁၀၀ နီးပါးရှိပါတယ်။

ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေးကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့်လို့ အသိပေးပါတယ်။

အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာနဲ့ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေဟာရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင်စျေးဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေစျေး တည်ငြိမ်ခဲ့ရင်တောင် ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေး တက်ခဲ့ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးလည်းတက်၊ ပြည်တွင်းကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် သာမန်လူတန်းစားတွေ ရွှေဝယ်နိုင်ဖို့ အလှမ်းဝေးလာပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး တစ်ဒေါ်လာငွေလဲနှုန်း ၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ်နဲ့ အရောင်း ကျပ် ၄,၀၀၀ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဆောင်းပါး

မြန်မာ့ရွှေစျေးဟာ တဖြည်းဖြည်းတက်လာလိုက်တာ အခုဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက စံချိန်တင်စျေးနှုန်းဖြစ်သွားခဲ့ပါတယ်။ တကျပ်သားကို ကျပ် ၉၉ သိန်းခွဲထိ ရောက်ခဲ့တာပါ။ ကျပ် ၉၉ သိန်းခွဲဆိုတာ သိန်းတရာထိ ရောက်ဖို့ ကျပ်ငါးသောင်းပဲ လိုပါတော့တယ်။ ဒီစျေးဟာ မြန်မာ့ရွှေစျေးသမိုင်းမှာ အမြင့်ဆုံးစျေးဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးအတက်နဲ့အပြိုင် ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ဝန်းကျင် ရှိလာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး ဆက်တိုက်တက်နေလို့ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ကျော်လာပြီလို့ ရွှေ၊ငွေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။