close
Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – Women’s Organization of Political Priisoners – WOPP က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒိုက်ဦးအကျဥ်းထောင်။ ဓာတ်ပုံ - စစ်ကောင်စီ

ဇန်နဝါရီ-၂၆၊ ၂၀၂၆။ ဒလပန်း/Peopel’s Spring

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – Women’s Organization of Political Priisoners – WOPP က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေကို ကျန်းမာရေးထိခိုက်စေတဲ့ အစားအသောက်တွေကျွေးတာ၊ ဆေးကုသမှုဆိုင်ရာ ပါဆယ်ပစ္စည်းတွေကို ပိတ်ပင်တာတွေပြုလုပ်နေသလို တခြား ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒိုက်ဦးအကျဉ်းထောင်အတွင်းကို လွန်ခဲ့တဲ့ ၂ ပတ်က ညွှန်မှူးဆိုသူလာရောက်ပြီးနောက်ပိုင်းကစပြီး ဒီကနေ့အချိန်ထိ အကျဉ်းထောင်က ကျွေးတဲ့ အစားအစာတွေဟာ စားလို့မရတဲ့အထိ ဆိုးရွာနေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ညွှန်မှူးရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေက တင်ပြကြတယ်။ ဒီအစားသောက်နဲ့ပတ်သက်ပြီး အဆင်မပြေဘူးဆိုတဲ့ အနေအထားမှာ အဲ့ညွှန်မှူးပြန်သွားပြီးတဲ့နောက်ပိုင်းမှာ အရင်ထက်ပိုပြီးတော့ အခြေအနေ ဆိုးသွားတယ်။ သူတို့ကျွေးတဲ့ ဆန်အမျိုးအစားကိုက ပျော့နေတာကို နည်းနည်းလေးအေးသွားရင်တောင်မှ ဘယ်လိုမှ စားလို့မရတဲ့အနေအထား။ အဲ့တာကိုမှ ထမင်းအပူကို စပေးလိုက်ထဲကိုက အရမ်းမာနေတာ ဒါမှမဟုတ်ရင် ဘယ်လိုမှ စားလို့မရတဲ့အထိကို ပျော့နေတာ” လို့ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေဟာ အဲ့ဒီအစားအစားတွေစားပြီးတဲ့နောက်မှာ အစာအိမ်နာတာ၊ ဗိုက်အောင့်တာနဲ့ အစာအိမ်ရောဂါအခြေခံရှိထားတဲ့သူတွေအတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာတဲ့ အခြေအနေဖြစ်ပေါ်နေတာပါ။

ကျန်းမာရေးဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတောင်းခံရာမှာလည်း ပါရာစီတမော့ကိုသာ သောက်ဖို့ အကျဉ်းထောင်ဘက်က ပေးခဲ့တာကြောင့် မိသားစုတွေက ထောင်ဝင်စာကနေတဆင့် ဆေးပေးသွင်းရာမှာလည်း ဆေးတွေကို ကြားကဖြတ်ယူတာ၊ ထောင်ဝင်စာပါဆယ်သွင်းခွင့်မပေးတာတာနဲ့ အရည်အသွေးညံ့ပစ္စည်းတွေနဲ့ လဲလှယ်ထားတာတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက လုပ်ဆောင်နေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ ဒိုက်ဦး အကျဥ်းထောင်က အမျိုးသမီးအဆောင်မှာ ခရစ္စမတ်ဆုတောင်းနေကြတဲ့အချိန်မှာ ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ အမျိုးသမီး ၃ ပွင့် ဦးစီးအရာရှိ ဇင်မာကြည်အောင်နဲ့ လက်ကိုင်တုတ်အကျဉ်းသားတွေထဲက နိုင်ဖြိုးဝေ(ခ)နိုင်ကြီးစတဲ့ လူတစ်စုက ဝင်ရောက်ရိုက်နှက်ခဲ့ကြပါတယ်။

ရိုက်နှက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကျဉ်းသူ ၁၅ ဦးကိုလည်း တိုက်ပိတ်တာတွေလုပ်ဆောင်ခဲ့အပြင် ထောင်ဝင်စာလည်း ပိတ်ပင်တာတွေလုပ်ဆောင်ခဲ့တယ်လို့ WOPP က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခုလို မတရားဖိနှိပ်တာ၊ မတရားညှင်းပန်းနှိပ်စက်တာနဲ့ ညှင်းပန်းနှိပ်စက်မှုလုပ်နိုင်ဖို့အတွက် ခွင့်ပြုပေးထားတဲ့သူတွေအားလုံးဟာ တချိန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးအောင်မျိုးကျော်က ပြောပါတယ်။

“ အခုချိန်မှာ ကျွန်တော်တို့လုပ်နိုင်တာသည် ဒီလိုမျိုးလုပ်ဆောင်နေတဲ့ အကျဉ်ထောင်ဝန်ထမ်းတွေ၊ အရာရှိတွေကို စနစ်တကျမှတ်တမ်းတင်မယ်။ အချက်အလက်တွေ စုဆောင်းမယ်။ တချိန်မှာ ဒီလူတွေကို အပြစ်ပေးအရေးမှုတွေ လုပ်ကိုလုပ်နိုင်ရမယ်။ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းသူတွေ ခံစားနစ်နာခဲ့တဲ့ အရာတွေ အားလုံးဟာ သဲထဲရေသွန်သလို လုံးဝမဖြစ်စေရဘူး ။ သေချာပေါက် အဲ့တာတွေအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ကျွန်တော်တို့တွေ ကြိုးစားကြရမှာဖြစ်တယ်​” လို့ သူက ပြောပါတယ်။

ဒီလိုမျိုး ညှင်းပန်းနှိပ်စက်မှုတွေလျော့နည်းလာဖို့အတွက် အပြင်မှာ ရှိနေသူတွေက အားလုံးဝိုင်းပြီးကြိုးစားကြဖို့ လိုအပ်သလို ရလာတဲ့အချက်အလက်တွေကို ဖလှယ်ကြပြီး စနစ်တကျသေသေချာချာကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဝိုင်းဝန်းကြိုးစားပေးကြဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၆ ဇန်နဝါရီ ၂၃ ရက်အထိ အာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၃၂၃ ဦးရှိပြီး အဲ့ဒီထဲမှာ ၂၂,၇၄၅ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ ထိန်းသိမ်းခံနေရသူတွေထဲက ၁၁,၄၈၃ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဒိုက်ဦးထောင်မှာထောင်တွင်းဆေးဝါးမလုံလောက်တာကြောင့် ကျန်းမာရေးမကောင်းတဲ့အကျဉ်းသားတွေအတွက်ပြင်ပကနေ ပေးပို့လာတဲ့ ဆေးဝါးတွေကို ထောင်အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်တာလုပ် ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်က ထောင်သားတစ်ဦး ဆေးရုံကြီးအချုပ်ဆောင်ကနေ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဝင်စာဧည့်တွေ့ပိတ်ထားတယ်လို့ အကျဉ်းသားမိသားစုတွေထံကနေသိရပါတယ်။