close
Connect with us

Hi, what are you looking for?

သတင်း

ICJ တရားရုံးနဲ့ တရားသူကြီးတွေကို မဝေဖန်ဖို့ စစ်ကောင်စီ သတိပေး

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာတရားရင်ဆိုင်နေတဲ့ကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲတွေမှာ ICJ တရား ရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်တာတွေမလုပ်ဖို့ အာဏာသိမ်း မြန်မာစစ်ကောင်စီက နောက်လိုက်နောက်ပါ ထောက်ခံသူတွေကို သတိပေးချက်ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ မတ်လက ICJ ကြားနာပွဲကိုသွားရောက်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပွဲ ဓာတ်ပုံ - စစ်ကောင်စီ

ဇန်နဝါရီ – ၂၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာတရားရင်ဆိုင်နေတဲ့ကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲတွေမှာ ICJ တရား ရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်တာတွေမလုပ်ဖို့ အာဏာသိမ်း မြန်မာစစ်ကောင်စီက နောက်လိုက်နောက်ပါ ထောက်ခံသူတွေကို သတိပေးချက်ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလ ၂၁ ရက် ရက်စွဲနဲ့ထုတ်ပြန်လာတဲ့ အဲဒီ သတိပေးချက်မှာတော့ အချက်လေးချက်ကို စစ်ကောင်စီက အဓိကထား တားမြစ်ထားတာပါ။

အဲဒီအချက်တွေမှာတော့ ICJ တရားရုံး ၊ ICJ တရားသူကြီးတွေကို ဝေဖန်ပုပ်ခတ်တာ ၊ ဖိအားပေးတဲ့ သဘော မျိုး ရေးသားပြောဆိုတာတွေမလုပ်ဖို့ ၊ လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေ ရေးသား ပြော ဆိုတာ၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်တာတွေမလုပ်ဖို့ ၊တိုင်းရင်းသားလူမျိုးအမည်မှာမပါဝင်တဲ့ ၊တိုင်းရင်းသား အဖြစ်မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး အဲဒီအမည်ကိုအမုန်းစကားမပွားဖို့၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုထောက် ခံကြောင်းသာ ပြောဆိုကြဖို့ ဆိုပြီး သတိပေးထားတာပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုကိုထောက်ခံတဲ့အမျိုးသားရေးအမည်ခံစစ်တပ်ဘက်တော် သားတွေက ICJ ရောက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပွဲတွေ ပြုလုပ်ဖို့စီစဉ်နေချိန်မှာ အခုလိုသတိပေးချက်ထွက်လာတာပါ။

ICJ မှာဂမ်ဘီယာကမြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေ ကို ကန့်ကွက်ရှုတ်ချပွဲတွေ ရန်ကုန်ဖြစ်စေ ၊ မန္တလေးမှာဖြစ်စေ ပြုလုပ်ကြဖို့ စစ်တပ်လက်ဝေခံ ပျုစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ သဃ်န်းဝတ် ပေါက်ကိုယ်တော်ဆိုသူကလှုံ့ဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဖရိကအနောက်ဘက်ကသေးငယ်တဲ့ နိုင်ငံလေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) မှာ တရား စတင်စွဲဆိုခဲ့ပါတယ်။ အခုဆိုရင် တရားရင်ဆိုင်နေရတာ ၆ နှစ်ရှိပါပြီ။

သတင်း

■သီတဂူဆရာ​တော်၊ဦးဝီရသူ ၊မဘသနဲ့ အစွန်း​ရောက်အမျိုးသားရေးဘုန်းကြီးတွေလူမျိုးတုံးသတ်ဖြတ်ဖို့ဝါဒဖြန့်ချီလှုံ့​ဆော်မှု​တွေမှာပါဝင်ခဲ့ကြောင်းသက်သေတွေနဲ့တကွICJမှာတင်ပြ ဇန်နဝါရီ-၁၄၊၂၀၂၆။လီလီယန်/People’s Spring ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ ရှေ့နေချုပ်လည်းဖြစ်သူ တရားရေးဝန်ကြီး မစ္စတာဒေါ်ဒါဂျယ်လိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုတွေရဲ့...

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံမှာရှိတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ကြားနာမှုဟာ ဒီက​နေ့မှာစတင်မှာဖြစ်ပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။