ဇန်နဝါရီ – ၂၆ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့အနီးက ငါးရံချောင်း ၊ ပင်လိန် ၊ သပြေရေ ၊ ကျွဲနွဲထောက် စတဲ့ ကျေးရွာတွေအနီးက အုတ်တံ တိုင်း ခတ်ထားတဲ့ မြေကွက်ကိုဘူဒိုဇာသုံးပြီး ရှင်းလင်းနေတာပါ။
အဲဒီမြေကွက်တွေမှာကျေးရွာအပိုင်ထဲမပါဘဲရွာမြေတိုးချဲ့ဆိုပြီးရောင်းချ ၊ ဝယ်ယူထားတဲ့မြေတွေဖြစ်ပေမယ့်စိုက်ပျိုးမြေ ၊ သစ်တောမြေပိုင်နက်ထဲပါပြီး လူနေထိုင်ခွင့် ၊ အကွက်ရိုက်ခွင့်မရှိတာကြောင့် ရှင်းလင်းနေတာလို့သိရပါတယ်။

Public Service Announcement
“ အဓိကကတော့စိုက်ပျိုးမြေတွေပေါ် အကွက်ရိုက်ကြတာကအရင်က တည်းကရှိနေတာ၊ ရှင်းတုန်းခဏပဲ ပြီးရင် ပြန်ဆောက်ကြပြန်တာ” လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးကပြောပါတယ်။
ပြင်ဦးလွင်မှာအကွက်ရိုက်မြေကွက်တွေကိုဝယ်ရောင်းတာတွေကစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာပိုများလာတာဖြစ်ပြီးအိမ်ခြံမြေ အကျိုးဆောင်တွေက ဧကလိုက်ဝယ်ပြီး အကွက်ရိုက်ကာ ရောင်းချသလို ၊ လူမှုကွန်ရက်နေ မြေပုံပြပြီး ရောင်းချတာတွေရှိခဲ့ပါတယ်။
အကွက်ရိုက်မြေစတင်ဝယ်ယူချိန်မှာမြေအမျိုးအစား အာမခံပေးတာ ၊ ရှေ့နေ စစ်ဆေးချက် ၊ ရွာအုပ်ချုပ်ရေးမှုးတွေရဲ့ လက်မှတ်တွေပါရနိုင်မယ်ဆိုတဲ့ မက်လုံးပေး ရောင်းချမှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့်အခုလို ရှင်းလင်းခံရချိန်မှာတော့ ရောင်းချပေးတဲ့ မြေပွဲစားတွေဘက်က တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့သိရပါတယ်။
ပြင်ဦးလွင်ဒေသခံတစ်ဦးပြောပြတာကတော့ အဲဒီလိုမြေကွက် အကွက် ရိုက် ရောင်းချမှုတွေမှာ စစ်ကောင်စီတပ်ရဲ့ အရာရှိပိုင်းတွေ၊ နီးစပ်သူတွေပါ ပါဝင်ကြပြီး စီးပွားရေးအကျိုးအမြတ်ဖြစ်ထွန်းသွားကြတယ်လို့ သိရပါတယ်။

















































