■ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန် နဲ့မေးမြန်းခန်း
ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ဇန်နဝါရီလ ဒုတိယပါတ်မှာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ်တွေကို တီမောနိုင်ငံ ပြည်သူ့အစိုးရရှေ့နေရုံးကို တိုင်ကြားစာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် ချင်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတွေက တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အဲလိုတွေ့ဆုံစဥ်တီမောလက်စ်တေနိုင်ငံသမ္မတက မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး ကြိုးစားမှု တွေအပေါ် အတူရပ်တည်ကြောင်း သတင်းစကားပါးလိုက်ပါတယ် ။
အဲဒီတွေ့ဆုံမှု အပြီး ဇန်နဝါရီ ၁၆ရက်မှာပဲ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး တီမောလက်စ်တေအစိုးရအနေနဲ့မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တယ် ဆန့်ကျင်ဘက် အဖွဲတွေနဲ့ ထိတွေဆက်ဆံတယ်ဆိုပြီးကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ချင်းလူ့အခွင့်အရေးအဖွဲ့ က စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို တီမော နိုင်ငံ ၊ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်အောင် ကြိုးပမ်းနေတဲ့အခြေအနေတွေကို ချင်းလူ့အခွင့်အရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်ကိုPeople’s Spring ကမေးမြန်းထားပါတယ် ။
-ထားမြတ်/People’s Spring

Public Service Announcement
















































