ဇန်နဝါရီ ၂၅၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကကျေးရွာတစ်ရွာမှာသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ထွက်ပေါက်မဟုတ်ဘူး ထောင် ချောက်ကြီး” ၊ “ အတုယောင်တရားမဝင်ရွေးကောက်ပွဲ အလိုမရှိ” ၊ “ တရားမဝင်ရွေးကောက်ပွဲ လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်” စာသားများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ “ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ကရင်ပြည်နယ် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်မှာလည်း ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ပြီး စစ်ကောင်စီ ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
















































