close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်း ပြန်စရင်ဆန့်ကျင်ဖို့ ဒေသခံတွေဆုံးဖြတ်

အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတွေက မြစ်ကြီးနားမြို့နယ် မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ကြိုးပမ်းလာရင် မဖြစ်နိုင်ကြောင်း ဒေသခံတွေရဲ့ အသံကိုဖော်ပြပြီး စီမံကိန်းကိုအတက်နိုင်ဆုံး ဆန့်ကျင်ကန့်ကွက် ဖို့ ဒေသခံတွေရဲ့ အစည်းအဝေးက ဆုံးဖြတ်ထားတယ်လို့ မြစ်ဆုံအနီး ကျေးရွာတရွာက ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်း မြစ်ကြီးနားမြိူ့ဒေသခံတွေ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ပေးပို့

ဇန်နဝါရီ-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတွေက မြစ်ကြီးနားမြို့နယ် မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ကြိုးပမ်းလာရင် မဖြစ်နိုင်ကြောင်း ဒေသခံတွေရဲ့ အသံကိုဖော်ပြပြီး စီမံကိန်းကိုအတက်နိုင်ဆုံး ဆန့်ကျင်ကန့်ကွက် ဖို့ ဒေသခံတွေရဲ့ အစည်းအဝေးက ဆုံးဖြတ်ထားတယ်လို့ မြစ်ဆုံအနီး ကျေးရွာတရွာက ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ဦးဆောင်ပြီး ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေး ကချင်ပြည်နယ်ဒေသခံကော် မတီ ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဇန်နဝါရီ ၂၀ရက်က ကျင်းပခဲ့မှု အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာ ဒေသခံကလည်း ဒေသခံတွေရဲ့ သဘောထားကို အခုလို ပြောပြတာဖြစ်ပါတယ်။

စီမံကိန်းပြန်စဖို့ကြိုးပမ်းလာတဲ့ အခြေအနေတွေအပေါ် ဒေသခံတွေကလည်း မကြာသေးမီက အစည်းအဝေး တရပ်ပြုလုပ်ပြီးသ ဘောထားဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ မြစ်ဆုံအနီး ကျေးရွာက ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ အဖြစ်စေ၊ တရုတ် ကုမ္ပဏီ ဖြစ်စေ ဒေသခံ ရွာသူရွာသား ဒေသခံတွေကို သဘောထား မေးလာရင် စီမံကိန်း လုပ်ဖို့ မဖြစ်နိုင်ကြောင်း အသိပေးဖို့ရှိတယ်လို့ပြောပါတယ်။

” နောက်ဆုံးအချိန် ကျနော်တို့ဆုံးဖြတ်ထားတာက ဘာပဲဖြစ်ဖြစ် တကယ်လို့ ဒီစီမံကန်းကို မဖြစ်မနေ ဝင်လာမယ်ဆိုရင် ကျနော်တို့လည်း အတက်နိုင်ဆုံးတော့ ကာကွယ်ဖို့ ဆန့်ကျင်ဖို့ အဲဒီလောက်အထိ နောက်ဆုံးအစည်းအဝေးက ဒီလိုပဲ ဆုံးဖြတ်ထားပါတယ်။အဲဒါက ဒီဒေသခံတွေရဲ့ အသံပေါ့နော်။ ဒေသခံတွေရဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးမှ နောက်ဆုံးအစည်းအဝေးမှာ ဆုံးဖြတ်ထားတာဒါတခုပဲရှိတယ်လို့” မြစ်ဆုံအနီး ကျေးရွာက ဒေသခံ အမျိုးသားက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး ကချင်လူထုကို တွေ့ဆုံနေတာဟာ သူတို့ အစီအစဉ်အတိုင်း လုပ်ဆောင်နေတာဖြစ်သလို ဒေသခံတွေကလည်း ဒေသခံ အစီအစဉ်အတိုင်း မူလသဘောထားအတိုင်း စီမံကိန်းကို ကန့်ကွက်သွားဖို့ရှိတယ်လို့ အသိပေးပါတယ်။

မြစ်ကြီးနားဒေသခံ တဦးကလည်း “ပြည်သူလူထုတွေရော အခြားအဖွဲ့အစည်းတွေရော နောက်ပြီးတော့ ပညာရှင်တွေရော အကုန်လုံးက ဒီလောက်ပြောနေတာ ကန့်ကွက်နေတာ အဲဒီနေရာ မလုပ်သင့်တဲ့နေရာ အန္တရာယ်အများဆုံးနေရာ ဟုတ်တယ်ဆိုတဲ့ဟာကို အကြိမ်ကြိမ်အခါခါ တွေ့နေရတယ် မြင်နေရတယ်။ သူတို့လည်း တွေ့မှာပါ။ မတွေ့ဘဲ မမြင်ဘဲနဲ့တော့ မရှိဘူး။ အဲဒီလောက် ကန့်ကွက်နေတဲ့ ကြားမှာ သူတို့ကနေ ပြီးတော့ ဆက်လုပ်မယ်ဆိုရင်တော့ ဖြစ်လာမယ့် ပြဿနာတွေကတော့ မပြောတက်ဘူးပေါ့ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာ”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တရုတ်ဘက်က စီမံကိန်းကို အတင်းဖော်ဆောင်လာရင် စီမံကိန်းကို ကန့်ကွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကလည်း လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူးလို့လည်း မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက မြစ်ဆုံဆည် (မြစ်ဆုံ ရေကာတာ) ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ရာ မြစ်ဆုံစီမံကိန်း လုပ်ရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ သဘောထားကြေညာချက် ထုတ်ပြန်တဲ့ ဘူမိသိပ္ပံပညာရှင်တွေဟာ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာနဲ့ ကမ္ဘာအရပ်ရပ်တွင် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ပညာရှင်တွေဖြစ်ပြီး စစ်ကောင်စီက မြစ်ဆုံဆည်စီမံကိန်း လုပ်ဆောင်ဖို့ ပြင်ဆင်လာတဲ့အပေါ် အခုလို သဘောထား ထုတ်ပြန်ခဲ့တာပါ။

မြစ်ဆုံဒေသဟာ ဒေသခံတိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်လို့ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဦးစွာဖော်ပြထားပြီး မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် ပညာရပ်ဆိုင်ရာ အချက်အလက်တွေအရ “မြစ်ဆုံဆည်ဆောက်လုပ်ရန် လုံးဝမသင့်တော် ကြောင်း” အကြံပြုထားပါတယ်။

ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီ မြစ်ကြောင်းတလျှောက်နဲ့ မြှစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာ အပါအဝင် ပညာ ရပ်ဆိုင်ရာ အချက်၈ချက်ကိုဖော်ပြပြီး ဆည်မလုပ်သင့်ကြောင်း အကြံပြုခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်တွေကတော့ မြစ်ဆုံဒေသဟာ ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားတဲ့ “ပြင်းထန် ငလျင် ဇုန်မှာ ရှိနေတာ၊ ဘူမိဗေဒဆိုင်ရာ အနေအထား (Geological structure) အရ မကြာသေးသောကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင် ကိုဖြစ်ပေါ်စေတဲ့ စစ်ကိုင်း ပြတ်ရွှေ့ကြီးနဲ့ အလွန်နီးကပ်နေတာ တွေကို ပညာရှင်တွေကထောက်ပြပါတယ်။

ဒါ့အပြင် မြစ်ဆုံကဲ့သို့သောနေရာမှာ ကြီးမားတဲ့ ရေကာတာတည်ဆောက်ပါက ရေကာတာကြီး ကြောင့် ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်တွေ ဖြစ်ပေါ်လာနိုင်တာ၊ သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီးပြီး စီပွားဖြစ်ထုတ်လုပ်နိုင်မယ့် ရွှေနဲ့ မြေရှား သတ္ထုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့် ဒေသ ဖြစ်တာ၊ မြစ်ဆုံဒေသမှာ မိုးသည်းထန်ခြင်း၊ မတ်စောက်သော တောင်တန်းများရှိခြင်းနဲ့ မတည်ငြိမ် သော ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီးများဖြစ်ပေါ်လာနိုင်တာ တွေကို ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဓိက မြစ်ကြီးတလျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းဟာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ်မှီခိုနေရတဲ့ မြစ်ဝှမ်း တလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက် နိုင်တာကိုလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက်လုပ်ပြီး၊ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုင်နက် ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားသော ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်တာကို သတိပေးထားပါတယ်။

မြစ်ဆုံကဲ့သို့ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်ရင် ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အပါအဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဥပမာပေး ဖော်ပြပါတယ်။

ဒီလို ဥပမာပေးရာမှာ မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံတွင် ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့တာရယယ် အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း – ၂၃၀၀၀၀ သေဆုံးခဲ့တာကို မြန်မာဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဥပမာပေး ဖော်ပြထားပါတယ်။

အဲဒီလို အချက်အလက်တွေကြောင့် မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းဟာ “လုံးဝ” မလုပ်သင့်သော စီမံကိန်းဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်း လုပ်ရင် အစားထိုးမရတဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို ဇန်နဝါရီ ပထမပတ်မှာ အစိုးရရဲ့ သဘောထားကို ဖော်ပြပြီးသတိပေးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ် နဲ့ တရုတ်အစိုးရတို့လုပ်ဖို့ စီစဥ်​နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုဖျက်သိမ်းဖို့​တောင်းဆို​နေတဲ့မြစ်ဆုံနဲ့ အနီးစပ်ဆုံး ကျေးရွာတရွာက ဒေသခံ အမျိုးသားတဦးကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

စ်ဆုံစီမံကိန်း အလိုမရှိကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်" စာသားနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၃၀) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။