close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်” စာသားနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၃၀) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်” စာသားနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၃၀) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာသာကြီးစံပြကျေးရွာ စစ်အုပ်စု အထိုင်ချ စခန်းအနီး နာရီစင် ဘုန်းကြီးကျောင်းမှာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်” ဘန်နာစာသားနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ချောင်းဦးမြို့နယ်မှာလည်း လူငယ်အင်အားစုသပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းသပိတ်စစ်ကြောင်းမှာ ရဲဘော်ဇွဲလေးက စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လူထုအနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း သတင်းစကားပေးခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဗကသများအဖွဲ့ချုပ်

ဆက်စပ်သတင်းများ

သတင်း

ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်ဘုရားစေတီ ပရဝဏ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးအတွက် ကြွေးကြော်ဆန္ဒပြမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စက်တင်ဘာ-၂၆၊၂၀၂၅။သုည/People’s Spring စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲသပိတ်မှောက်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ လူငယ်အင်အားစုသပိတ်ကော်မတီက စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဝန်းသိုမြို့နယ်အတွင်းကကျေးရွာတွေမှာလည်း ဒေသခံတွေနဲ့ ဆရာဆရာတွေ...

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်"လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။