ဇန်နဝါရီ၁၇၊၂၀၂၆၊ရှိန်း/ People’s Spring
ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာကနေ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံဘက်ကို စစ်တပ်က အင်အား၂၀၀ ခန့်နဲ့စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာပါ။
ချဉ်ပစ်ခုံဈေးတန်းကို စစ်တပ်က ပစ်ခတ်စီးနင်းစဉ် တိုက်ပွဲဖြစ်ခဲ့ပြီး ကောလင်းခရိုင်တပ်ရင်း(၁)က တပ်ခွဲမှူးကျဆုံးခဲ့ပါတယ်။ ဒါအပြင်ဒေသခံအမျိုးသားတစ်ဦးကိုလည်း စစ်တပ်က သေနတ်နဲ့အချက်ရေအများကြီးပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ ဆိုင်ကယ်ပြင်တဲ့ အမျိုးသားတယောက်ကတော့ တော်တော်ကို စုတ်စုတ်ပြတ်ပြတ်ရစရာမရှိအောင် အပစ်ခံထားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းသာတောင်မော်ရွာထဲကိုထပ်မံဝင်ရောက်ခဲ့ပြီး လမ်းခုလတ်မှာ တော်လှန်ရေးတပ်တွေက ဖြတ်တိုက်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်က သေဆုံးသူများခဲ့ပြီး ဝန်းသိုမြို့နယ်ပကဖရဲဘော်၇ ဦးနဲ့ ကောလင်းမြို့နယ်က ပကဖ ၁ ဦးလည်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။
“ ေးဘက်က သေတာတော်တော်များတယ်။ ပြောက်ကျားစစ်ရဲ့သဘောကိုမှန်းကြည့်ပါ။ အသေးစိတ်မပြောချင်သေးဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်ည၇နာရီ ကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ တောင်မော်ရွာထဲမှာ တပ်စွဲထားပါတယ်။
“ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ တောင်မော်ရွာဒေသခံတွေ ထွက်ပြေးနေကြရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာပြီးခဲ့တဲ့ဒီဇင်ဘာလကကာကွယ်ရေးတပ်တွေသိမ်းယူထားတဲ့သစ်ဖုလတောင်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ သစ်ဖုလတောင် စခန်းသိမ်းတိုက်ပွဲမှာ ဝန်သိုကနေ စစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုလည်း PDF ၊ ပကဖ နဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကြောင်းပျက်သွားခဲ့ပါတယ် ။ဒါအပြင် စစ်သားအချို့ကို PDF တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ် ။

















































