close
Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံး၊ ပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဗုံးခိုကျင်းအတွင်းပုန်းအောင်းနေတဲ့ ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံးပြီး ပြည်သူ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Screenshot

ဒီဇင်ဘာ-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဗုံးခိုကျင်းအတွင်းပုန်းအောင်းနေတဲ့ ကလေးမိခင်တစ်ဦး နှလုံးရပ်သေဆုံးပြီး ပြည်သူ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(၃၅)နှစ်ခန့်အရွယ် ကလေးမိခင်တစ်ဦး နှလုံးရပ်ပြီးသေဆုံးမှုမှာ ဒီဇင်ဘာ ၂၁ ရက်မှာ ကောလင်းမြို့နယ် မုတ်ဝကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာပါ။

” လေယာဉ်နဲ့ ဗုံးလာကြဲတော့ ကျဉ်းထဲကိုဝင်ပုန်းနေတာ။ ပစ်ချတဲ့အချိန်မှာ နှလုံးရပ်သွားတာ။ ကလေးတွေကျန်ခဲ့တယ်” လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ညနေပိုင်းမှာလည်း ကောလင်းမြို့နယ်နောက်ခြမ်းက နတ်အင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၆ဦးဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့နယ်က စစ်ကောင်စီရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူး‌ပေါင်းတပ်တွေ ဒီဇင်ဘာ ၁၉ရက်မှာ စတင်တိုက်ခိုက်နေပါတယ်။အဓိက စခန်းတစ်ခုဖြစ်တဲ့ သစ်ဖုလတောင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။

လက်ရှိမှာ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်စပ်မှာ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသတွင်းဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

စစ်ကောင်စီက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေ ဗုံးကြဲနေလို့ လေကြောင်းရန်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်-တံတားဦးလမ်းပိုင်းမှာ စစ်အုပ်စုဝင်တွေ တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်နှစ်ဦးအပါအဝင် အများအပြား သေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒီဇင်ဘာ-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring နတ်ရေကန်ဗျူဟာအနီးမှာအာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။ အမ်း-ပဒါန်း လမ်းပေါ်က နတ်​ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်​ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။ နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ...

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် (၄၇)တာဝန်ရှိသူက ပြောပါတယ်။