close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ဆုံရွာ နဲ့အနီးတဝိုက် တိုက်ပွဲပြင်းထန်

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဆုံရွာ ၊ရွာကြီး ၊ ကံနှောင်း ၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်မှာတော် လှန်ရေးတပ်တွေနဲ့ ဒီဇင်ဘာလ ၂၁ ရက်ကစတင်တိုက်ပွဲဖြစ်နေတာပါ။

ဆုံရွာတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပွဲကို စီးမိနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူယူခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦး အကျအဆုံးရှိတယ်လို့ကနဦးသိထားရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း- ၇နဲ့ မန္တလေးခရိုင် တပ်ရင်း – ၅ က တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့သိရပေမယ့် မြေပြင်တော်လှန်ရေးအဖွဲ့တွေဘက်က လတ်တလောထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဆုံရွာတိုက်ပွဲမှာ တော်လှန်တပ်ဖွဲ့တွေဘက်က ရှစ်ဦးကျဆုံးတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေပါတယ်။

မနေ့ (ဒီဇင်ဘာလ ၂၃ ရက်) ကဆိုရင် မြင်းခြံမြို့ မြောက်ခြမ်းက အိုင်းမကျေးရွာကို စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရသလို ရွာလည်းမီးရှို့ခံရတယ်လို့သိရပါတယ်။

“ ဒဏ်ရာရသူတစ်ယောက်ကတော့ ပေါင်းရင်းပြုတ်ထွက်မတက် ဒဏ်ရာရရှိထားသူပါတယ်၊ စိုးရိမ်ရတဲ့ အခြေနေပေါ့ ၊အနားကပ်မရတော့ အခြေနေအားလုံးမသိရဘူးး ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြင်းခြံမြို့ မြောက်ခြမ်းက တလုတ်မြို့ရွာလည်း မီးရှို့ခံရတယ်လို့ရပါတယ်။

မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင် ဘာလကတည်းက စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါးက လွတ်ရာကို တိမ်းရှောင်နေရဆဲပါ။

ဓာတ်ပုံ – Google Earth

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

Facebook