close
Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စားနေလို့ စျေးသည်တွေအခက်တွေ့နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

ဇန်နဝါရီ-၁၄၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖွင့်လှစ်ထားတာမကြာသေးတဲ့ လမ်းဘေး အစားအသောက်ဆိုင်လေးတွေကို ဝင်လာပြီး ရောင်းချတဲ့အစားအစာတွေကို ငွေမရှင်းဘဲ မကြာခဏ လာစားနေတယ်လို့ စျေးသည်အချို့က ပြောပါတယ်။

“ မာလာဟင်းဆိုင်ဆိုလည်း တစ်ခါစားရှစ်သောင်းတစ်သိန်း၊ ခေါက်ဆွဲဆိုင်ဆိုလည်းအုပ်စုလိုက်တစ်သိန်းကျော်ဖိုးအလကားဝင် ဝင်စားတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မုန့်ပေါင်းဆိုင်လည်း အလကား၊ကွမ်းယာဆိုင်ပါမကျန် အလကားဝင် ဝင်မြိုတာ သူတို့အားလုံးက။ အရင်းပြုတ်တော့မယ်။” လို့ လမ်း​ဘေးစျေးသည်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လမ်းဘေးစျေးသည်တချို့ဟာ ပြင်ဦးလွင်မြို့မှာ စစ်ရှောင်လာနေရင်း စျေးရောင်းကြတဲ့သူတွေလည်းရှိပြီး မကြာခဏ အလကားလာလာစားကြလို့ အခက်အခဲတွေရှိနေကြောင်း စျေးသည်အချို့က ပြောပါတယ်။

ဒါ့အပြင် လမ်းလေးစျေးဆိုင်တွေကို တစ်ရက်တစ်ထောင့်ငါးရာကျပ် စျေးကောက်ကောက်နေပြီး အိမ်မှာဖွင့်တဲ့ဆိုင်ကအစ စျေးကောက်ကောက်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို နောင်တချိန် သူအနားယူရင် နေထိုင်မယ့်မြို့လို့ ကြွေးကြော်ထားပြီး မြို့ကိုခမ်းနားအောင် ပြင်ဆင်နေပါတယ်။

(ပြင်ဦးလွင်က လမ်းဘေးစျေးဆိုင်တွေနား အမှိုက်ကောက်ပြနေတဲ့ စည်ပင်ဝန်ထမ်းတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

သတင်း

မန္တလေးမြို့မှာစျေး ရောင်းချတဲ့ လမ်းဘေးစျေးသည်တွေကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ခံစည်ပင်ဌာနကဆိုင်အမျိုးအစားပေါ်မူတည်ပြီး လစဉ်ကြေးအနေနဲ့ကျပ်တစ်သိန်းစတင်ကာ ကောက်ခံနေတယ်လို့ စျေးသည်တွေဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မန္တလေး−မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုမ္မသီး နဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၇ရက်)နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။