close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စစ်တပ်​​ရွေးကောက်ပွဲဆန့်ကျင်​ကြောင်း တစ်ကိုယ်တော်ဆန္ဒပြတဲ့လူငယ် ဖမ်းဆီးခံရ

ရန်ကုန်မြို့ ဆူးလေဘုရားအနီးက မြို့တော်ခန်းမအရှေ့မှာ စစ်တပ်​​ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း တစ်ကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း Rangoon Scout Network က ဖော်ပြထားပါတယ်။

ဓာတ်ပုံ - CJ

ဇန်နဝါရီ-၁၂၊၂၀၂၆။ သုည/People’s Spring

ရန်ကုန်မြို့ ဆူးလေဘုရားအနီးက မြို့တော်ခန်းမအရှေ့မှာ စစ်တပ်​​ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း တစ်ကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း Rangoon Scout Network က ဖော်ပြထားပါတယ်။

အဲဒီလူငယ်ဟာ ယမန်နေ့ (ဇန်နဝါရီ ၁၁)က စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း(၂) ပြုလုပ်နေချိန် မနက် ၉ နာရီမှာ “ Reject the illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။

“ မနေ့က မြို့တော်ခန်းမရှေ့မှာ ကလေးတစ်ယောက် သေချာကို ခုံနဲ့ထိုင်ပြီး ဆန္ဒပြသွားတာပါ။ တစ်ယောက်ထဲ တကိုယ်တော်ဆန္ဒပြတာလို့ သိရပါတယ်။ ဆန္ဒပြပြီး ခဏနေတော့ ရဲတွေရောက်လာပြီး ကျောက်တံတားရဲစခန်းကို ဖမ်းသွားပါတယ်” လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက်(၂၁)နှစ်အရွယ် ကိုမင်းထက်ဆိုသူ ဖြစ်ပြီး တာမွေမြို့နယ် နတ်မောက်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

စစ်​ကောင်စီရဲ့ရွေးကောက်ပွဲအပိုင်း (၂)ကို ရန်ကုန်မြို့မှာဆက်လက်ပြုလုပ်တာမှာ မဲ​ပေးသူနည်းခဲ့သလို မဲ​ပေးခဲ့သူ​တွေအများစုကလည်း စစ်​ကောင်စီရဲ့ ဖိအားပေးခြိမ်းခြောက်မှု​တွေကြောင့်

​ကြောက်လို့ မဲပေးခဲ့ရတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

စစ်တပ်​ရွေး​ကောင်ပွဲအပိုင်း (၂)ကို မြို့နယ်​ပေါင်း ၁၀၀ မှာဒီ​နေ့ လုပ်​နေတာမှာ ရန်ကုန်မြို့က ၁၆ မြို့နယ်ပါဝင်ပါတယ်။ပထမပိုင်းမှာ ရန်ကုန်မြို့က ၁၂မြို့နယ် ပါဝင်ခဲ့ပြီး မဲထွက်​ပေးသူအလွန်နည်းတာ​​ကြောင့် ဒီအကြိမ်မှာ စစ်အုပ်စုက ပြည်သူ​တွေကို မဲ​ပေးဖို့ ပိုပြီးဖိအား​ပေးလာတယ်လို့ ​ဒေသခံပြည််သူ​တွေက​ပြောပါတယ်။

ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အလိုထိ မဲထွက်ပေးဖို့ သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာဥက္ကဌတွေက အသံချဲ့စက်နဲ့လိုက်လံအော်ခဲ့သလို မဲမ​ပေးရင် ဈေးသည်တွေကိုဈေးရောင်းချခွင့်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ရန်ကုန်မြို့​နေပြည်သူအချို့က​ပြောပါတယ်။အလားတူလူ

ငယ်တွေကိုလည်း မဲမ​ပေးရင် စစ်မှုထမ်းစာရင်းထဲထည့်မယ်လို့ခြိမ်း​​ခြောက်ပြီးမဲ​ပေးဖို့ဖိအား​ပေးတယ်လို့ရန်ကုန်မြို့​နေ လူငယ်အချို့က​ ပြောပါတယ်။

ဆက်စပ်သတင်းများ