close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ ၊ကံရပ်ကြီးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့၊ အမျိုးသမီးတစ်ဦးသွေးလန့်သေဆုံး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ကံရပ်ကြီးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလို့ နေအိမ် အိမ်ခြေ နှစ်ရာကျော် ပြာကျပြီး အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဇန်နဝါရီ-၉၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ကံရပ်ကြီးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလို့ နေအိမ် အိမ်ခြေ နှစ်ရာကျော် ပြာကျပြီး အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကန်တော်ရွာကနေထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ကံရပ်ကြီးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

“ ကံရပ်ကြီးရွာဟာအိမ်ခြေနှစ်ရာကျော်ရှိတဲ့ရွာလို့သိရပြီးရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။” လို့ အထက်ပါအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့မီးရှို့မူကြောင့် ကံရပ်ကြီးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း သွေးလန့် ဆုံးပါးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ညနေပိုင်းမှာ ညောင်ဂျစ်ပင်ပျူရွာကနေ ကမ္မမြို့ထဲကို ရောက်ရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ