close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန် အီရန်မှာ အင်တာနက်ဖြတ်တောက်

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပိုမို အရှိန်မြင့်တက်လာတဲ့နောက် အီရန်မှာ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားလိုက်ကြောင်း သိရပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပိုမို အရှိန်မြင့်တက်လာတဲ့နောက် အီရန်မှာ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားလိုက်ကြောင်း သိရပါတယ်။

အီရန်မှာ ရီယယ်ငွေကြေးယူနစ် တန်ဖိုး အလွန်အမင်း ကျဆင်းလာခြင်းကို မကျေနပ်ရာက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး ပြည်သူတွေက အုံကြွ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။ နောက်တော့ ဘာသာရေး ခေါင်းဆောင်တွေ အုပ်စိုးတဲ့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီးအသွင် ပြောင်းလဲလာသလို နိုင်ငံအနှံ့က မြို့ကြီးတွေကိုလည်း ပျံ့နှံ့ကူးစက်သွားပါတယ်။

တစ်ဖက်မှာလည်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းမှုတွေနဲ့အတူ ထိခိုက်သေကြေမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့မှာတော့ မြို့တော် တဟီရန်နဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာ တခြားမြို့ကြီးတွေမှာ အင်တာနက် ကွန်ရက်တွေနဲ့ ဖုန်းလိုင်းတွေကို အာဏာပိုင်တွေက စတင် ဖြတ်တောက်ထားလိုက်ပါတယ်။ ဒါဟာ အရှိန်မြင့်တက်လာတဲ့ ဆန္ဒပြပွဲတွေကို တားဆီးဖို့ ကြိုးစားတဲ့ အားထုတ်မှု တစ်ခုလို့ ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက ဆူပူအကြမ်းဖက်မှု ဝါဒဖြန့်တာတွေကို တားဆီးဖို့အတွက် အခုလို လုပ်ဆောင်ခဲ့တာလို့ ပြောပေမယ့် ဆန္ဒပြပွဲတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတွေ မျှဝေနေမှုတွေကတော့ ရပ်တန့်မသွားခဲ့တာ တွေ့ရပါတယ်။

နိုင်ငံအနောက်ပိုင်းက ကာ့ဒ်မျိုးနွယ်စုတွေ အများစုနေထိုင်ရာ အီလမ်မြို့ကစပြီး တဟီရန်နဲ့ မက်ရှ်ဟက်ဒ်တို့လို မြို့ကြီးတွေအလယ်၊ အရှေ့မြောက်ဖက် အာဖဂန်နစ္စတန်နဲ့ နယ်စပ်ဒေသတွေအဆုံး မြို့ကြီးပေါင်း ၁၀၀ လောက်မှာ ဆန္ဒပြပွဲတွေ ပျံ့နှံ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အီရန် အာဏာပိုင်တွေကလည်း အာဏာရှင်လက်စွဲ စာအုပ်ကြီး နည်းလမ်းတွေအတိုင်း အကြမ်းဖက် ဖြိုခွင်းရေး နည်းလမ်းကိုသာ အားကိုးခဲ့တဲ့နောက် လူထုရဲ့ ဒေါသက ပိုပြီး မြင့်တက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်တဲ့ ဆန္ဒပြပွဲတွေအတွင်း ကလေး ၈ ဦးအပါအဝင် ဆန္ဒပြပြည်သူ အနည်းဆုံး ၄၅ ဦးထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ရာနဲ့ချီ ဒဏ်ရာရပြီး ၂၀၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ဆန္ဒပြပွဲတွေမှာတော့ တချို့က ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေသူ အရင် အီရန် အိမ်ရှေ့မင်းသားဟောင်း ရက်ဇာ ပါဟ်လာဗီကို လိုလားထောက်ခံကြောင်း ကြွေးကြော်နေတာ တွေ့ခဲ့ရပါတယ်။ ပါဟ်လာဗီဟာ လက်ရှိ အီရန် အစ္စလာမ်မစ် အစိုးရက ဖြုတ်ချတာ ခံခဲ့ရတဲ့ ကွယ်လွန်သူ ရှားဘုရင်ရဲ့ သားတော်ဖြစ်ပါတယ်။

ပါဟ်လာဗီက လက်ရှိ အီရန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို အားပေး ထောက်ခံခဲ့ပြီး ပြည်သူတွေ အနေနဲ့ လမ်းပေါ်ထွက်ပြီး လိုလားချက်တွေကို တောင်းဆိုကြဖို့၊ အီရန်တစ်နိုင်ငံလုံး နိုးထကြဖို့ လူမှုကွန်ရက် မီဒီယာ Xမှာ တိုက်တွန်း ရေးသားထားခဲ့ပါတယ်။

အမေရိကန်ရဲ့ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ အီရန် အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်ပြီး ငွေကြေးဖောင်းပွမှုတွေ အရမ်းဆိုးရွားလာတဲ့ဒဏ်ကို သန်းနဲ့ချီတဲ့ အီရန်ပြည်သူတွေ သက်ရောက်ခံစားနေရပါတယ်။

အဲဒီဒုက္ခတွေအပေါ် မကျေနပ်လို့ ကုန်သည်တွေ၊ စျေးသည်တွေက စတင်ဆန္ဒပြခဲ့ပြီး အီရန်အစိုးရက အကြမ်းနည်းနဲ့ တုံ့ပြန်ရာက အခြေအနေတွေ ပိုမိုရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ