close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ်ကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို KNDF ပိတ်ပင်

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိပိတ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)က ဒီကနေ့(စက်တင်ဘာ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ကို ခုခံနေတဲ့ KNDF ရဲဘော် တွေကို တွေ့ရစဥ်။ဓာတ်ပုံ - KNDF တပ်ရင်း ၅

စက်တင်ဘာ -၂၃ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိပိတ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)က ဒီကနေ့(စက်တင်ဘာ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။

မြေပြင်စစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ စက်တင်ဘာ ၂၃ရက်ကစပြီး လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို- ဘောလခဲလမ်းမကြီးကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ အသိ​ပေးပါတယ်။

“ လုံခြုံရေးအရ ပြည်တွေအနေနဲ့ အဲဒီလမ်းပိုင်းကို သွားလာဖို့မသင့်လျော်တော့လို့ ပိတ်လိုက်တာဖြစ်တယ်” လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုကနေ ဖရူဆိုမြို့ကို စစ်ကောင်စီတပ်က သြဂုတ်ကစပြီး လမ်းမကြီးတလျှောက် ထိုးစစ် ဆင်လာလို့ ဒီက​နေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။

ဒါ့အပြင် အခုလအတွင်း စစ်ကောင်စီစစ်ယာဉ်တန်းတချို့ ဖရူဆိုမြို့အတွင်းဝင်ရောက်နိုင်ခဲ့ပြီး ဖရူဆိုမြို့နယ်က စစ်ကောင်စီတပါ စစ်ကြောင်းတချို့ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်းပြီး စက်တင်ဘာ ၂၀ ရက်က ဘောလခဲလမ်းမကြီးဖက် ဦးတည် စစ်ရေးလှုပ်ရှားမှုကြောင့် ထိတွေ့မှုရှိတယ်လို့ KNDFက အသိပေးပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ် သန်းသွားလာနိုင်တဲ့ လမ်းသွယ်တွေ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ ရွေးကောက်ပွဲ ဘောလခဲမှာလုပ်မယ်ဆိုတဲ့အတိုင်းပဲ ဒီးမော့ဆို-ဖရူဆိုကနေပြီး ဘောလခဲရောက်အောင်ထိ စစ်ဆင်ရေး တွေက ကျွန်တော်တို့ဆီမှာနေ့တိုင်းရှိနေတယ်။လေ ကြောင်းကနေ ဗုံးကြဲတာတွေ၊မြေပြင်တိုက်ပွဲတွေ ဖြစ်နေတယ်” လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေမှုကို ပြောထားပါတယ်။

ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကလော အခြေစိုက်တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေပါနေတယ်လို့လည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ ရှေ့ထွက် ကင်းတွေရော အပါဆို စစ်ကြောင်းသုံးခု လောက် သုံးထားတယ်” လို့ သူက ပြောပါတယ်။

ဘောလခဲမြို့မှာလည်း စစ်ကောင်စီအခြေချစစ်ဗျူဟာအပြင် အမှတ် (၄၂၉) ခြေမြန်တပ်ရင်း (ခမရ ၄၂၉)၊ခမရ (၄၃၀) နဲ့ ခလရ (၃၃၇) တပ်ရင်းတွေ ရှိပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ် ခူးရီးဒူက တွေ့ဆုံခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းဆည်းမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီး​​မော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

Facebook