စက်တင်ဘာ၁၂၊၂၀၂၅။မေ/ People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ကျီးကန်(မြောက်ရွာ)ပအဖတာဝန်ခံဦးမင်းသန့် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အလုပ်ကိစ္စတခု ကြောင့် နေအိမ်ကနေကျေးရွာတခုကိုသွားချိန် လှတောရွာ နဲ့ ကျီးကန်မြောက်ရွာကြားမှာ ပစ်ခတ်ခံရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေ
ဆုံးခဲ့တာလို့ သိရပါတယ်။ဘယ်သူက လုပ်ကြံတယ် ဘာကြောင့်လုပ်ကြံတယ်ဆိုတာကိုတော့မသိရသေးပါဘူး ။

Public Service Announcement
ပြီးခဲ့တဲ့ မေလ ၂၃ ရက် နေ့ကလည်းဝက်လက်မြို့
နယ်မှာ မြို့နယ်ပအဖ ရုံးအဖွဲ့မှူး ဦးမျိုးအောင်ကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။
ဝက်လက်မြို့နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ Local PDF အဖွဲ့က ကျောက်စိမ်းသယ်လာတဲ့ကားကိုဓားပြတိုက်မှု၊ အဲဒီအဖွဲ့ကပဲ ရွာသာကြီးရွာက စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ဦးကို သက်ငယ်မူဒိန်းကျူးလွန်မှု နဲ့ လှတောရွာဓားပြတိုက်မှုမှာ ပကဖ အချို့ ပါဝင်နေတာ၊ ဂိတ်ချပြီးဖြတ်သန်းသွားလာတဲ့ကားတွေကို ငွေတောင်းတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။ Local PDF အဖွဲ့ကတော့ NUG လက်အောက်မှာ မရှိတဲ့အဖွဲ့လို့ဒေသခံအချို့ကပြောပါတယ် ။
