close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မှကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှုသေဆုံး၊ဒဏ်ရာရသူများ၏အချက်အလက်အ​သေးစိပ်ကိုULA/AAထုတ်ပြန်

စစ်တပ်ဗုံးကြဲမှူတွင်​သေဆုံး ၊ဒဏ်ရာရခဲ့​သော​ကျောင်းသား​ကျောင်းသူများနှင့် ​ဒေသခံပြည်သူများ။ဓါတ်ပုံ-AA Info desk

■ပြစ်ဒဏ်ကျူးလွန်သူ၊ ​စေခိုင်းသူ၊ ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေး

စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများကိုစစ်ကောင်စီကစက်တင်ဘာ ၁၂ရက်နံနက်အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း​သေဆုံး ၊ဒဏ်ရာရခဲ့​သော ​ကျောင်းသား၊​ကျောင်းသူများ၏ အမည်၊ဓါတ်ပုံ နှင့် အချက်အလက်အ​သေးစိပ်ကို ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခတပ်​တော် (AA)ကထုတ်ပြန်လိုက်သည်။

လတ်တ​လောအထိ​သေဆုံးခဲ့​သော​ကျောင်းသား၊​ကျောင်းသူ ၁၉ ဦးရှိပြီး အသက် အငယ်ဆုံး ၁၅ နှစ်မှ အသက်အကြီး ဆုံး ၂၁ နှစ်အထိပါဝင်သည်။ အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်​ကျောင်းသားအများဆုံးဖြစ်ပြီး Grade-8 မှ Grade-12 တို့တွင်ပညာသင်ယူ​နေကြ​သော ​ကျောင်းသား ​ကျောင်းသူများဖြစ်သည်။ ​​သေဆုံးသူ ၁၉ ဦးတွင် ​​ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာ​ကျောင်းသားများဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိ​သော​ကျောင်းသား ၊​ကျောင်းသူ နှင့် ​ဒေသခံ ၂၂ ဦးရှိသည်။​သေဆုံးဒဏ်ရာရသူများ၏ အမည် ၊အသက် ၊အတန်း ၊မိဘ ၊​နေရပ် စ​သောအချက်အလက်အ​သေးစိပ်ကို​ဖော်ပြထားသည်။

စစ်တပ်က သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား ဂျက်ဖိုက်တာဖြင့် ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့ခြင်းဖြစ်ပြီး ပညာပန်းခင်း​ပုဂ္ဂလိကကျောင်း​ရှေ့ကျ​ရောက်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက​ ဗုံးကြဲခံရ၍​သေဆုံးသူများမှာ​ကျောင်းသား၊​ကျောင်းသူများမဟုတ်ဘဲ စစ်သင်တန်းတက်​နေသူများဟု သတင်းအမှားဖြန့်​ဝေ​နေကြသည်ကို​တွေ့ရသည်။

စစ်​​အုပ်စုက ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း ယခုဖြစ်ရပ်မပါ အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်မှု အနည်းဆုံး ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ၈၉ ဦး​သေဆုံးကာ ၉၁ ဦး​သေဆုံးခဲ့သည်။အဆိုပါဗုံးကြဲမှုများတွင် ​​မြောက်ဦးမြို့နယ်တွင်စစ်သုံ့ပန်းနှင့် ယင်းတို့၏မိသားစုများထား​သော​နေရာကိုဗုံးကြဲသဖြင့် စစ်သုံ့ပန်း နှင့်မိသားစုဝင် ၂၈ ဦး​သေဆုံးပြီး ၂၅ဦးဒဏ်ရာရခဲ့သည်။

စစ်အုပ်စုက ​နေ့စဥ်ရက်ဆက် ကျူးလွန်​နေ​သောစစ်ရာဝဝတ်မှုများ ၊လူသားမျိုးနွှယ်အ​ပေါ် ပြစ်မှုကျူးလွန်​နေမှုများကို နိုင်ငံတကာမှ လက်ပိုက်ကြည့်မ​နေဘဲ ထိ​ရောက်အားပါ​သောအ​ရေးယူမှု များလုပ်​ဆောင်ရန် အထူးလိုအပ်​ကြောင်းလည်းတိုက်တွန်းထားသည်။

ထိုအပြင် စစ်​ကော်မရှင်က အာရက္ခမျိုးဆက်များအ​ပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုအချက်အလက်များကို ULA/AA အ​နေဖြင့်သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများသို့​ပေးပို့မည်ဟု​ဖော်ပြသည်။

တရားမျှတမှုချစ်မြတ်နိုး​သောလုပုဂ္ဂိုလ်၊အဖွဲ့အစည်းများနှင့် ပူး​ပေါင်းကာတရားမျှတမှုရရှိသည်အထိ​ဆောင်ရွက်မည့်အပြင် ပြစ်ဒဏ်ကျူးလွန်သူ ၊​စေခိုင်းသူ ၊ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်နေတဲ့အိမ်ကို စစ်တပ်က လေကြောင်းကဗုံးကြဲလို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ်၅ ဦးအပါအဝင် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။

သတင်း

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားဩဂုတ်လ ၂၅ ရက်၌ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် အမျိုးသမီး၁ဦးသည် စက်တင်ဘာလ ၆ရက်နေ့က ထပ်မံသေဆုံးသွား၍ စုစု‌ပေါင်း သေဆုံးသူ ၁၅ဦး ရှိလာသည်။

သတင်း

မန္တလေး - လားရှိူးပြည်ထောင်စုလမ်းမပေါ်ရှိသီပေါမြို့ဘော်ကြိုဘုရားအနီးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ၃ရက်)၁နာရီခွဲခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။