close
Connect with us

Hi, what are you looking for?

သတင်း

ငွေတောင်ရွာသစ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများ

ဖရူဆိုမြို့ဦးတည်လာသော စစ်တပ်စစ်ကြောင်းအား စစ်ဦးချိုးခဲ့ဟု ဗျူဟာအမှတ်(၁၁) ထုတ်ပြန်

ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ − ဗျူဟာ ၁၁

သြဂုတ်−၃၀၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများကာ ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ ဦးတည်လာသော စစ်တပ်စစ်ကြောင်းအား စစ်ဦးချိုးအထိနာအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း၊ဗျူဟာအမှတ် (၁၁)က ယနေ့(ဩဂုတ် ၃၀ရက်) ထုတ်ပြန်သည်။

ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ထက်မနည်းသေဆုံးကာ လက်နက်ခြောက်လက်ရရှိကြောင်းလည်း အမှတ် (၁၁)က ထုတ်ပြန်သည်။

အင်အား ၁၀၀ကျော်တပ်စွဲထားသော စစ်ကောင်စီ၏ ငွေတောင်ရွာသစ် နေရာကို သြဂုတ်၂၉ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃နာရီထိ တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MA-1 လေးလက်၊ MA-2 တလက် နှင့် MA-3 တလက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဗျူဟာအမှတ် (၁၁)က အသိပေးသည်။

“ဖရုဆိုမြို့ဘက် ထိုးနေတဲစစ်ကြောင်းကို ကျနော်တို့ ​​ကကြား​ဖြတ်ချေမုန်းတိုက်ခိုက် ဝင်ခဲ့တာ”ဟု ဗျူဟာအမှတ်(၁၁)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ရေးတွင် ရှမ်းတောင်၊ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) နှင့် ကရင်နီပြည်နယ်ရှိ တပ်ပေါင်းစုများ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ရှမ်းတောင်ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ (၁၁)ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့ နှင့် KNA ဒရုန်းတပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တော်လှန်ရေးတပ်ပေါင်းစုမှ စည်းလုံးညီညွတ်စွာ ပူပေါင်းတိုက်ခိုက်နိုင်ခဲ့သဖြင့် ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ ဦးတည်လာခဲ့သော စစ်ကောင်စီတပ်၏ စစ်ကြောင်းအား စစ်ဦးချိုးအထိနာအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း ဗျူဟာအမှတ်(၁၁)က ဖော်ပြသည်။

ထို့အပြင် ဩဂုတ် ၂၆ ရက်ကလည်း ငွေတောင်ရွာသစ်တွင် စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို သြဂုတ် ၂၅ ရက်က တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သား သုံးဦးသေပြီး ခြောက်ဦးဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ရဲဘော် တဦးက အသိပေးထားသည်။

၂၀၂၃ နိုဝင်ဘာလကစ၍ တော်လှန်ရေးအင်အားစုများ ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

ယခုလဆန်းပိုင်းက ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်း နှစ်ခုပူးပေါင်းထားသော အင်အား ၃၀၀ဝန်းကျင်ပါစစ်ကြောင်းသည် ဒီးမော့ဆိုမြို့တွင်းသို့ တိုးဝင်နိုင်ခဲ့ပြီးနောက် ဖရူဆိုမြို့နယ်ဘက်သို့ပါ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ဒီနေ့ဩဂုတ် ၂၀ရက်မနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွက ပြောပါတယ်။

သတင်း

​ကျောက်မဲမြို့နယ် ၊နောင်ပိန်ရွာအနီးမှာ တိုက်ပွဲ​တွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှာ လေကြောင်းက​နေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့(ဩဂုတ် ၂၀ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကား ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Facebook