close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်ရွေးကောက်ပွဲကို စစ်ကိုင်း နဲ့ တနင်္သာရီမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၈)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

သြဂုတ်၂၈၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၈)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန်သပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်တို့က “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြိုင်မြို့နယ်တစ်နေရာမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ “တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီမှပြုလုပ်သော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ဖွဲ့စည်းမှု လေးနှစ်ပြည့် နှစ်ပတ်လည် အထိမ်း

အမှတ်အနေနဲ့ “တော်လှန်သောနှင်းဆီတွေ ဖိနှိပ်မှုမှန်သမျှကိုတိုက်ဖျက်မလေ” လို့​စာတမ်းကိုင်​​ဆောင် ဆန္ဒပြခဲ့ကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြိုအဝင်ရတနာပုံတံတား(စစ်ကိုင်းတံတား)မှာဒီနေ့မနက်ပိုင်းကဖြတ်သန်းသွားလာသူတွေနဲ့ ခရီးသည်တင်ကားတွေကိုဒီက​နေ့စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ဘားအံမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံလူထုတွေကိုဆင့်ခေါ်ပြီး မဲပေးစက်သုံးပြီး မဲပေးနည်း ကိုသင်ကြားပြသတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၇)မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ​စာတမ်း ၊​ကြွေး​ကြော်ပြီးဆန္ဒပြခဲ့ကြပါတယ်။

သတင်း

အာဏာလုစစ်ကောင်စီကကျင်းပရန်ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကိုလုံး၀လက်ခံမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော နာဂဒေသ (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။