close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် နောက်ထပ် စစ်သားတစ်ဦး ခြေထောက်ပြတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော

ကမ္ဘောဒီးယားနဲ့ နယ်စပ်နားမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား နောက်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

Royal Thai Army

ကမ္ဘောဒီးယားနဲ့ နယ်စပ်နားမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား နောက်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ဆူရင်ပြည်နယ်မှာရှိတဲ့ နှစ်နိုင်ငံ နယ်စပ်မှာ ကင်းလှည့်နေတဲ့ ယူနစ်တစ်ခုရဲ့ အရန်တပ်သား တစ်ယောက်ဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဇူလိုင်လတုန်းက နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ တာမွမ်သုမ် ရှေးဘုရားကျောင်းနားက ပေါက်ကွဲမှုအပြီး ဒဏ်ရာရသွားတဲ့ စစ်သားကို ဆေးရုံဆီ အမြန်ဆုံး ပို့ဆောင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ကမ္ဘောဒီးယား စစ်တပ် အနေနဲ့ အော့တာဝါ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အပေါ် ထိုင်းအစိုးရက အကြိမ်ကြိမ် ဝေဖန် ကန့်ကွက်နေလျက်နဲ့ အခုလို ကိစ္စမျိုး ထပ်မံ ပေါ်ပေါက်လာတာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားကတော့ မြေမြှုပ်မိုင်းတွေကို နယ်စပ်မှာ ထောင်ထားတာ မဟုတ်ဘဲ နိုင်ငံပိုင်နက်ထဲမှာသာ ထောင်ထားတာ ဖြစ်ကြောင်း၊ ထိုင်းဖက်က နယ်မကျော်ရင် မိုင်းနင်းမိစရာ အကြောင်းမရှိကြောင်း တုံ့ပြန်ထားဖူးပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဖြစ်ပွားခဲ့တဲ့ နယ်စပ် စစ်ရေး ပဋိပက္ခတွေ မတိုင်ခင်ကလည်း နယ်စပ်မှာ မိုင်းနင်းမိလို့ ထိုင်းစစ်သားတွေရဲ့ ခြေထောက် ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နယ်စပ်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် ထိုင်းစစ်သား ၁၁ ဦးထိ ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၄ ဦးဟာ ခြေတစ်ဖက် ဖြတ်တောက်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ အဲဒီစစ်သား အားလုံးဟာ ထိုင်းပိုင်နက်ထဲမှာ ရှိနေခဲ့တာလို့လည်း ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင် ၂၄ ကနေ ၂၈ ရက်ထိ ၅ ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့တဲ့နောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်း အရပ်သားတွေ အပါအဝင် နှစ်ဖက် စုစုပေါင်း အသေအပျောက် ၄၀ ကျော် ရှိခဲ့သလို လူပေါင်း သိန်းနဲ့ချီ စစ်ရှောင်ခဲ့ကြရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်ဒေသတွေက စစ်ဆင်ရေးကဏ္ဍတွေကို ဦးစီးနေတဲ့ ထိုင်းစစ်တပ် အရာရှိကို အငြိမ်းစား မယူစေဘဲ တာဝန် ဆက်လက် ထမ်းဆောင်ခိုင်းဖို့ ထိုင်းအစွန်းရောက် အမျိုးသားရေး အင်အားစုတွေက တောင်းဆိုလာကြပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စာမေးပွဲ ရမှတ်ကို မကျေနပ်ရာက ကျောင်းသားတစ်ယောက်က ဆရာမကို လက်သီးနဲ့ ထိုးခဲ့ကြောင်း သိရပါတယ်။

သတင်း

ခေတ်မီ နည်းပညာတွေကို အသုံးချပြီး လုပ်ငန်း လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက် တစ်ခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသား အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲမှုအပြီး နယ်စပ်ပြဿနာအတွက် နှစ်နိုင်ငံ တွေ့ဆုံ ညှိနှိုင်းမှုတွေမှာ အချက် ၁၃ ချက်ပါတဲ့ သဘောတူညီချက်ကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။