close
Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်မှာ ပျူစောထီးတဦး လက်နက်နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလင်ဝင်လာတဲ့ ပျူစောထီးကို CRA တာဝန်ရှိသူက ဆုကြေးငွေပေး အပ်စဥ်။ဓာတ်ပုံ - CRA

သြဂုတ် -၃၀၊ ၂၀၂၅/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီး​အောင်ကျော်စန်းဆိုသူဟာ သြဂုတ် ၁၀ရက်နေ့မှာ Chauk Revolution Army-CRA ထံ ဆက်သွယ်အလင်းဝင်လာတာဖြစ်ပြီး ၎င်းနဲ့အတူ MA2(စက်ကလေး) ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၄၅‌ တောင့် ယူဆောင်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်နက်ခဲယမ်းတွေယူပြီး ပြည်သူဘက်ပူးပေါင်းလာတဲ့ ပျူစောထီး အောင်ကျော်စန်းကို CRA က ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ CRA က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သူ့ညီအရင်းက စစ်ကိုင်းဘက်က PDF အဖွဲ့တစ်ခုထဲမှာပါဗျ။ သူညီနဲ့အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောသွားပါတယ်။ အဲဒီဘက်ကို ပို့လိုက်ပါပြီ”လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေထဲ Chauk Revolution Army-CRA ထံ ဆက်သွယ်ပြီးအလင်းဝင်လာသူ ၃ ဦးရှိပြီဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်ဝင်လာသူကတော့ ပျူစောထီးအောင်ကျော်စန်းဟာ ပထမဆုံးဖြစ်တယ်လို့ CRA ထံက သိရပါတယ်။

ကိုအောင်ကျော်စန်း လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ ကုန်းကြီးကျေးရွာဟာ ပျူစောထီးအင်အားကောင်းပြီး အင်အား ၇၀ ခန့်ရှိတယ်လို့သိရပြီး အဲဒီရွာဟာ ချောက်မြို့နဲ့ ၁၂ မိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုး သတ်ဖြတ်နေလို့ မြစ်ကြီးနား-မန္တ​လေး ခရီးသွားကားတွေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ပျူစောထီးခေါင်းဆောင် အဲပန်ဦးစီးတဲ့ ထော်သာကျေးရွာပျူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အမှတ်(၁)စစ်ဒေသက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။