close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့် ဝိုင်းမော် လမြန်ဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ဟု KIA ပြော

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊လမြန်ဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် လာ၍ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒေသတွင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဩဂုတ် ၃၀ရက်) ညတွင် သတင်းဖော်ပြသည်။

ဧရာဝတီတိုင်းတွင် ဆင်ဖြူရှင်စစ်ဆင်ရေးအတွက် စစ်တပ်ရဟတ်ယာဉ်တစ်စီး သရုပ်ပြပစ်ခတ်နေသည်ကို ၂ဝ၁၈ ဖေဖော်ဝါရီက တွေ့မြင်ရစဉ်။ ဓာတ်ပုံ − စကစ

ဩဂုတ် -၃၁၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊လမြန်ဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် လာ၍ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒေသတွင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဩဂုတ် ၃၀ရက်) ညတွင် သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်ကလမြန်အနီးတဝိုက်သို့ဩဂုတ်၂၇ရက်ကစတင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဩဂုတ် ၂၉ရက်ထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။

ဩဂုတ်၃၀ရက်မနက်ပိုင်းတွင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ထို့ပြင် ဝါးရှောင်၌လည်းလေကြောင်း၂ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ၊ ဩဂုတ်၂၈ရက်ညနေပိုင်းကလည်းလမြန်ဒေသသို့လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင်မြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကလည်းလမြန်ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဖော်ပြသည်။

KIA သတင်းပြန်ကြားရေး၏ဖော်ပြချက်တွင် တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများ မပါရှိပေ။

ကချင်သတင်းရင်းမြစ်အချို့ကမူ လမြန်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ် စွဲရာနေရာအချို့နှင့် စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ဩဂုတ် ၂၈ရက်က ပြောပြထားသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်း KIAနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားလျက်ရှိသကဲ့သို့ ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်၏ ဖားကန့်မြို့ တပ်မကုန်းမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှု လုပ်ဆောင်နေသကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြိုနယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် KIAအရာရှိက ပြန်လည်တောင်းပန်ဖြေရှင်းလိုက်၍ နှစ်ဖက်ကျေအေးမှု ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဖားကန့်​ဒေသ၊ လုံးခင်းဂေါက်ကွင်းအနီး KIA၊KPDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြားယနေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားတာ​ကြောင့် ဂေါက်ရိုက်နေသူတွေ ထွက်ပြေးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်ရာ သီလရှင် တပါးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ ကိုရင်(၃)ပါးနဲ့ အမျိုးသား တဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Facebook