close
Connect with us

Hi, what are you looking for?

သတင်း

SOFတပ်ဖွဲ့စည်းမှု (၄)နှစ်ပြည့်အခမ်းအနား ကရင်၊မွန်နှင့် ပဲခူးရှိ တပ်ရင်းအထိုင်ချစခန်းများ၌ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 -အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်းကျင်းပခဲ့ကြောင်း SOFက ယနေ့(ဇူလိုင်၂၂) ထုတ်ပြန်သည်။

ဓာတ်ပုံ - SOF

ဇူလိုင် -၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 -အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်းကျင်းပခဲ့ကြောင်း SOFက ယနေ့(ဇူလိုင်၂၂) ထုတ်ပြန်သည်။

အဆိုပါအခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

လေးနှစ်တာတော်လှန်ရေးခရီးအတွင်းအသက်၊သွေး၊ချွေးတို့ကိုပဓာဏ မထားဘဲ တနိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ နှစ်ပတ်လည်သို့ သဝဏ်လွှာ ပို့ခွင့်ရ၍ ဝမ်းမြောက်ဂုဏ်ယူကြောင်းကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြခဲ့ပြီးအသက်ခန္ဓာ၊ ဘဝတို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့သူရဲကောင်း ရဲဘော်များကို လေးနက်တည်ကြည်စွာဖြင့် ဦးညွှတ်ကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တော်လှန်ရေး၏ ကြမ်းတမ်းသော အချိန်များအတွင်း အခက်အခဲ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရပ်တည်နေကြသော ပြည်သူ့သူရဲကောင်းများနှင့်အတူ နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်အထိဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ကာကယ်ရေးဝန်ကြီးဌာနက ကတိသစ္စာပြုကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်သူလူထုအတွက် ယုံကြည်အားကိုးရသော တပ်မတော်တရပ် ဖြစ်လာရန် ကြိုးစားအားထုတ် ရမည်ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

SOF တာဝန်ခံ ရဲဘော်အောင်စံရှားကလည်း “SOF တော်လှန်ရေး (၄) နှစ်မှသည် ပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်ချီတက်ကြပါစို့”ဟုတပ်ဖွဲ့ ၏ လေးနှစ်ပြည့် အခမ်းအနား သတင်းထုတ်ပြန်ချက်တွင် မှတ်ချက်ရေးသားခဲ့သည်။

SOFတပ်ဖွဲ့ လေးနှစ်ပြည့် အခမ်းအနားများတွင် ၂၀၂၄ ဇူလိုင်မှ ၂၀၂၅ ဇူလိုင်အတွင်း မြင့်မြတ်စွာအသက်ပေးလှုခဲ့ကြသည့် SOF ကျဆုံးရဲဘော်များအား “သက်စွန့်အာဇာနည်ဆုတံဆိပ်”များချီးမြှင့်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရသည့်တိုင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်များ ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ဟု အသိပေးသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အား ၂၀၂၁ ဇူလိုင် ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) အပါ အဝင် ဒေသတွင်း တော်လှန်ရေး တပ်များဖြင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုး‌တက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။

သတင်း

“တော်လှန်ရေးအဖွဲ့အစည်းများတွေက စုစုစည်းစည်းလက်တွဲမယ်ဆိုရင် အောင်မြင်မှုကတော့ ရှိလာမှာပဲ” — KNUမြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး

သတင်း

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ရာမညမွနfတပ်တော်(RMA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဒဏ်ရာရခဲ့ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။