ဇူလိုင်၂၂၊၂၀၂၅၊မေ/People Spring
မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းက စစ်သင်္ဘော ၆ စီးခန့် ဒီနေ့မနက်မှာဧရာဝတီမြစ်အတိုင်းထပ်မံဆန်တက်လာတာမို့ မြစ်ကမ်းအနီးက ပြည်သူတွေ ထပ်မံရှောင်တိမ်း နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ၂၂ရက်မနက်၉နာရီကျော် လောက်က စစ် သင်္ဘော၆စီးခန့် မန္တလေး-ကျောက်မြောင်းလမ်းအတိုင်းထပ်မံ ဆန်တက်နေတာလို့သိရပါတယ်။
“ဆန်တက်မယ့်သတင်းရတာနှစ်ရက်လောက်ရှိပြီ။ ပြည်သူပိုင်သင်္ဘော တွေကိုဖမ်းပြီး စစ်သင်္ဘော တွေနဲ့ စဆန်နေပြီလို့ သိရတယ်”လို့ ဒေသခံတဦး က People’s Spring ကိုပြောပါတယ်။

Public Service Announcement
စစ်တပ်က ဇူလိုင် ၁၇ ရက်မှာ ဗန်းမော်ကိုဆန်တက်နေတဲ့ စစ်ရေယာဥ် အုပ်စုထဲမှာလည်း ပုဂ္ဂလိကပိုင်ရေယာဥ်တွေကိုဖမ်းဆီးထားတာတွေပါတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီစစ်သင်္ဘောတွေဟာ ဇူလိုင်လ ၁၇ ရက်နေ့က ဂေါဝိန်ဆိပ်ကမ်းကစထွက်သွားတဲ့ စစ်သင်္ဘော တွေနောက်ကို စစ်ကူထပ်လိုက်တာဖြစ်နိုင်သလို သပိတ်ကျင်းမြို့ကို ရေကြောင်းကနေပါ ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်လို့ တော်လှန်ရေး တပ် ဖွဲ့ဝင်အချို့က ခန့်မှန်းထားကြပါတယ်။
စစ်သင်္ဘောတွေဆန်တက်ချိန်မှာ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေနဲ့ ဆန်တက်လေ့ရှိတာမို့မြစ်ကမ်းအနီးကျေးရွာတွေ စတင်တိမ်းရှောင်နေကြရပြီလို့ ဒေသခံအချို့ကပြောပါတယ်။
ဇူလိုင်လ၁၇ရက်နေ့ကဆန်တက်ခဲ့တဲ့စစ်သင်္ဘာတွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူ ပေးကာ ဒေသခံ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဝက်လက်မြိုနယ်အရှေ့ခြမ်းကပြည်သူ ၂၁ ဦး အ
ထိသေဆုံးခဲ့ပါတယ်။အဲဒီ စစ်သင်္ဘော ၁၇ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၉ ရက်မှာ တိုက်ခိုက်တာကြောင့် ၁ စီးနစ်မြုပ်ပြီး ၃ စီးစက်ခန်းမီးလောင်ခဲ့တယ်လို့ မန္တလေး PDF ကထုတ်ပြန်ပါတယ် ။
