close
Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှာကျဆုံးခဲ့ရတဲ့ မဝတ်ရည်အောင် ကို ရေဝေး ပို့ဆောင်

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

ဇူလိုင် – ၂၁ ၊၂၀၂၅ /People’s Spring

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

နာရေးကိုတော့မနက်ဖြန် မှာ ပြုလုပ်မယ်လို့သိရပါတယ်။

ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ မဝတ်ရည်အောင်ဟာ မနေ့ (ဇူလိုင်လ၂၀ ရက်) မနက်ပိုင်းက အင်းစိန်ထောင် မှာ ကျဆုံးသွားတာပါ။

Public Service Announcement

Public Service Announcement

အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းမှုဒဏ်၊ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာတွေကြောင့် ဆုံးပါးတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်တာ ၊ တက်တာ ၊ သတိလစ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အခြားကျောင်းသားငါးဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီး နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချပါတယ်။

အဲဒီနောက်၂၀၂၃ခုနှစ် ၊ ဇွန်လ၂၇ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ်ထပ်ချတာကြောင့် မဝတ်ရည်အောင်ဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတာပါ။

ထောင်ထဲမှာ မတရား ဖိနှိပ်မှု၊ အတင်းအဓမ္မ နှိပ်စက်မှု၊ ကျန်းမာရေး စောင့်ရှောက်ခွင့်မပေးတာတွေကို ခံစားနေရပြီး စစ်ကြောရေးရဲ့ အကြမ်း ဖက် နှိပ်စက်မှုတွေကြောင့် မဝတ်ရည်အောင်ဟာ ကျန်းမာရေးဆိုးဝါးနေပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၂၀၂၃ ခုနှစ်က ထုတ်ပြန်အသိပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

သတင်း

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။

Facebook