close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်၍ ပြည်သူများ ကြားမညှပ်မပိတ်မိစေရေး လုံခြုံရေးသတိထားရန် TNLA ထုတ်ပြန်

စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် မြို့ရှိ PSLF/TNLA အရပ်ဘက်ရုံးများ လုံခြုံရာသို့ ရွှေ့ထားရဟု အသိပေး

စစ်ကောင်စီတပ်သားတွေ နောင်ချိုမြို့အတွင်းဝင်ရောက်လာတဲ့နေ့ ဇူလိုင် ၁၅ရက်က တွေ့ရသော နောင်ချိုမြို့TNLAရုံးဌာန။ ဓာတ်ပုံ - စကစ/တယ်လီဂရမ်

ဇူလိုင်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီက ဝင်ရောက်နေရာယူနိုင်ထားပြီဖြစ်သော နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်မည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (ဇူလိုင် ၁၆ရက်) မွန်းလွဲပိုင်း၌ အသိပေးထုတ်ပြန်သည်။

” နောင်ချိုမြိုတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် တိုက်ပွဲကြားတွင် မိဘပြည်သူထုလူများကြားညှပ်မပိတ်မိစေရန် လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြရန်နှင့်လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန်လိုအပ် ပါသည်”ဟု ထုတ်ပြန်သည်။

နောင်ချိုမြ်ု့အတွင်းကို စစ်ကောင်စီတပ်များ ဇူလိုင် ၁၃ရက်က စတင်ဝင်ရောက်လာပြီး ဇူလိုင် ၁၅ရက်တွင် မြို့ပေါ်ရှိ နေရာအများအပြားကို ထိန်းချုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြိုတို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက်ကြောင့် မိဘပြည်သူလူထုများအနေဖြင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် သတိဝီရိယဖြင့် နေထိုင်သွားလာကြပါရန် လည်း အသိပေးသည်။

မေလတွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်၏ ပြင်းထန်သည့်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာကြောင်း TNLAက ထုတ်ပြန်သည်။

ထို့ကြောင့် ယမန်နေ့ ဇူလိုင် ၁၅ရက်တွင်PSLF/TNLAအနေဖြင့် နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို အခြားလုံခြုံသည့်နေရာသိုပြောင်းရွေ့ကာ လူထုဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ထားဟု ဖော်ပြသည်။

၂၀၂၅ မေလမှစတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိစစ်ကောင်စီတပ်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို ဦးတည်ပြီး မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကြဲချဲ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

နောင်ချိုဒေသတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA အကြား မေလမှ ဇူလိုင် ၁၅ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၁၉ ကြိမ်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ဟု ထုတ်ပြန်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၄၆၉၂)ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု (၁၈၆) ကြိမ်တိုကိုပြုလုပ်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်နေကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေသည့်နေရာနှင့်တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့်နေရာများတွင် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်းလည်း ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများလူထုများသည် မြိုဧရိယာတွင် နေထိုင်နိုင်ခြင်းမရှိတော့ဘဲဘေးကင်းရန်အတွက် မြိုပြင်ပသို ပြောင်းရွှေ့နေထိုင်ကြရကြောင်း၊ ပြည်သူလူထုများမြိုပြင်ပသို ပြောင်းရွှေ့နေထိုင်သော်လည်း စစ်ကောင်စီတပ်မှ ထပ်မံပြီး ပြည်သူလူထုနေထိုင်ရာသိုထပ်မံပြီး တိုက်ခိုက်လာသည့်အတွက် ပြည်သူလူထုများ နေစရာပျောက်ဆုံးသွား၍ နီးစပ်ရာမြို့သို့ ပြောင်းရွှေ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဒုက္ခသည်စခန်းများသို့ စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မေလမှ ဇူလိုင်လလယ်အတွင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြိုရှိ ပြည်သူလူထု ၂၃ဦး သေဆုံးကာ ၈၈ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ ထို့ပြင် ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်းနှင့် နေအိမ် ၂၂၀လုံး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့​ပေမယ့် ဒီကနေ့ (ဇူလိုင် ၁၆ရက်) မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။