close
Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် ခလရ(၁၃၅)တပ်ရင်း ကာကင်းနေရာများ တော်လှန်ရေးတပ်များ ဆက်လက်သိမ်းပိုက်နေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် ခလရ(၁၃၅)တပ်ရင်း၏ ကာကင်းနေရာများကို ဆက်လက်သိမ်းပိုက်နေပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအချို့ရှိကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန်ခလရ(၁၃၅)တပ်ရင်း ၏ ကာကင်းနေရာများကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၄၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် ခလရ(၁၃၅)တပ်ရင်း၏ ကာကင်းနေရာများကို ဆက်လက်သိမ်းပိုက်နေပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအချို့ရှိကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖားဆောင်းမြို့ကိုသိမ်းနိုင်ရန် တစ်ခုတည်း ကျန်ရှိနေသည့် ခလရ(၁၃၅)တပ်ရင်းနှင့် စစ်ဆိုင် ထားရဆဲဖြစ်ကြောင်းလည်း အသိပေးသည်။

“ကာကင်းတွေ သိမ်းရတယ်။ ဆိုင်လည်းဆိုင်ထားတုန်းပဲ။ဖမ်းမိတဲ့ စကစ တပ်သားတွေက ဒီလ ၇ ရက်နေ့က”ဟု အထက်ပါတာဝန်ရှိသူက ဖားဆောင်း မြို့တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ရဲဘော် ၁၀ဦးထိခိုက်ဒဏ်ရာရရှိထားသည်။

“အနီးကပ်တိုက်ပွဲဆိုတော့ 79နဲ့ ၆၀ မမတွေထိတာ”ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲ၀င်ခဲ့သော ညီနောင်မဟာမိတ်တပ်ပေါင်းစုများမှ ကျဆုံးရဲဘော်များကို အလေးပြုကြောင်းအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“လေကြောင်းကနေ နေ့တိုင်းလောက်လာကြဲနေတယ်။အခုလောလောဆယ်အထိ အလုပ်လုပ်နေကြတုန်းပဲ”ဟု ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှ ရဲဘော်တစ်ဦးက ပြောသည်။

၂၀၂၄နှစ်ကုန်ပိုင်းမှစ၍ ဘောလခဲနှင့် ဖားဆောင်း စစ်ဒေသများတွင် ဒေသခံညီနောင်မဟာ မိတ်တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်နေပြီး ယမန်နှစ်ကုန်ပိုင်းရက်က အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

လက်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဇွန်လ၂၅ ရက်တွင် ဖားဆောင်းမြို့နယ်၏ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ခလရ(၁၃၄)နှင့် (၁၃၅)တပ်ရင်းကို ထိုးစစ်ဆင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ဇူလိုင် ၃ရက်တွင် ထုတ်ပြန် ထားသည်။

ဇွန်လ ၃၀ ရက်တွင် ခလရ(၁၃၄)တပ်ရင်းကို ရရှိခဲ့ပြီး ခလရ(၁၃၅)ကို ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

ဖားဆောင်းမြို့မှ တပ်ရင်းနှစ်ရင်းကို ထိုးစစ် စတင်သည့်နေ့မှစ၍ ဂျက်ဖိုက်တာများအပြင် Y 12၊ Y8၊ FTC 2000 G နှင့် Military Transport Aircraft ဖြင့် လေကြောင်းပစ်ကူများဖြင့် စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေသည်။

ဇူလိုင် ၂ရက်နံနက် ၁နာရီခန့်တွင် ဖားဆောင်းမြို့ တိုက်ပွဲသို့ ဗုံးကြဲတိုက်ခိုက်ရန်လာသည့် စစ်ကောင်စီက ဂျက်လေယာဥ် လေးစီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

ဖားဆောင်းမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် က ရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သော မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းတွင် ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန်နှင့် မြောက်ဘက်ခြမ်းတွင် ဘောလခဲ မြို့နယ်တို့ရှိသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်ကစ၍ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း ၉ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက ယမန်နှစ်ကတည်းက သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်မှာပစ်ချခဲ့တဲ့ စစ်တပ်တိုက်​လေယာဥ်ရဲ့ အပျက်အစီး​တွေဓါတ်ပုံ​တွေကို ဇူလိုင် ၄ ရက်မှာထပ်မံထုတ်ပြန်ပါတယ် ။

သတင်း

​တိုက်​လေယာဥ်ဟာ FTC-2000G အမျိုးအစား ဖြစ်ပြီး ၊​လေယာဥ်ပျက်အနီးအ​လောင်း ၂ ​လောင်း​တွေ့