close
Connect with us

Hi, what are you looking for?

သတင်း

မောက်မယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း၊ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း သေနတ်ဖြင့် ပစ်သတ်ခံရမှု ယနေ့(ဇူလိုင် ၁၁ရက်)တွင် ဖြစ်ပွားခဲ့သည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဦးစိုင်းငေါင်းဆိုင်ဟိန်း။ ဓာတ်ပုံ - USDP

ဇူလိုင်-၁၁၊၂၀၂၅။မိထက်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း၊ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း သေနတ်ဖြင့် ပစ်သတ်ခံရမှု ယနေ့(ဇူလိုင် ၁၁ရက်)တွင် ဖြစ်ပွားခဲ့သည်။

မောက်မယ်မြို့ရှိ ၎င်း၏ တောင်ယာခြံဝင်းအတွင်း ယ‌နေ့ (ဇူလိုင် ၁၁ရက်) နံနက် ၉နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

” ခြံထဲမှာတင် သေသွားတာ။ သေနတ်ကလည်း ခေါင်းကို ပစ်သွားတာ။ ဘယ်သူတွေကပစ်လဲ ဘယ်သူမှမသိဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် စစ်ကောင်စီထောက်ခံသူဖြစ်ပြီး မောက်မယ်မြို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည်။

” စစ်တပ်နဲ့တော့ တွဲတွေ့နေတာပဲ။ အခုပစ်ခတ်မှုက ပုဂ္ဂိုလ်ရေးလား၊ နိုင်ငံရေးဂယက်လား ကျမတို့မသိဘူး။ စစ်ကောင်စီကတော့ ဒေါသအတော်ထွက်နေတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း ဥက္ကဌဦးစိုင်းငေါင်းဆိုင်ဟိန်း အသတ်ခံရကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် RCSSတပ်များသည် ပအိုဝ်းကျေးရွာများသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်း၊ ထိုသို့ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးခြင်းမှာ ပအိုဝ်းလူထုအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

News

“အမှန်ဆို အရင်ကတည်းက ကျွန်တော်တို့ စာချုပ်ချုပ်ထားတာရှိတယ်။ ဒီ PNLO ဥက္ကဋ္ဌနဲ့ RCSS ဥက္ကဋ္ဌက နယ်မြေပြဿနာကို အပြန်အလှန် သတင်းပေးမှု နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားဖို့ ဆိုတာရှိတယ်။အခုက တိုက်ပွဲပြန်ဖြစ်တာတော့ မကောင်းဘူးပေါ့”ဟု ခွန်ထွန်းတင်က ပြောသည်။