close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်အထိနာ၊ KIA၊ KPDF ပြန်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ်အခြေစိုက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - KPDF

ဇူလိုင်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့နံနက်က ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သလို နေ့လယ်ပိုင်းတွင်လည်း KIA၊KPDFက ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများထားသည့်နေရာ ကျရောက်ပေါက်ကွဲပြီး အထိအခိုက်များပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အမှိုက်ပုံ ကျေးရွာပတ်ဝန်းကျင်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို KIA၊KPDFက တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

” မနက်က အမှိုက်ပုံရွာ ချင်းဘုရားကျောင်းအနီးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ စစ်ကောင်စီဘက်က သေဆုံးတာ ၁၀ဦးမကဘူး။ဒဏ်ရာရတဲ့သူတွေကို ဆွဲပြေးတယ်။ တိုက်ပွဲက ဆက်ပြင်းထန်နေပြီး ဒီဘက်ကလက်နက်ကြီးနဲ့ပစ်တာက သူတို့ခဲယမ်းတွေစုပုံထားတဲ့နေရာကို ကျတယ်။ အဲဒီမှာထပ်ပေါက်ကွဲပြီး အထိအခိုက်များတယ်။ ဒါတွေက မျက်မြင်တွေပဲ”ဟု KPDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အမှိုက်ပုံကျေးရွာသည် မူလက KIA၊KPDF နယ်မြေစိုးမိုးမှုရယူထားသည့်နေရာ ဖြစ်သည်။ ဖားကန့်ဒေသသ်ို့ ဝင်ရောက်လာသည့်စစ်ကောင်စီတပ် စစ်ကြောင်းက ဇွန်လကုန်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်လာ၍ ဒေသခံများထွက်ပြေးခဲ့ကြရပြီး KIA၊KPDFကလည်း ယာယီဆုတ်ခွာထားသည့်နေရာဖြစ်သည်။

ယခုအခါ KIA၊KPDF က ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ စစ်ကောင်စီက ၎င်းတို့တပ်စွဲထားသည့်နေရာများမှနေ၍ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ဆိုသည်။

ဆွတ်ငိုင်ယန်၊အမှိုက်ပုံ၊ မော်ဝမ်းလေးရွာတို့ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး နေအိမ်များကိုလည်းဖျက်ဆီး ဝင်ရောက်နေသည်ဟု သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းတွင် ဖားကန့်ဒေသအားနယ်မြေကျွမ်းကျင်သည့် ပြည်သူ့စစ်အဖွဲ့များပါလာပြီး ယမန်နှစ်က တိုက်ပွဲအတွင်း စစ်ကောင်စီလက်လွတ်ထားရသည့် လမောင်းကုန်းကို ဦးတည်စစ်ကြောင်းထိုးနေစဉ် KIA၊KPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIA၊KPDF ပူးပေါင်းတပ်သည် ဇူလ်ိုင် ၁၀ရက်ကလည်း ဖားကန့်မြို့နယ်၊လဝါးကျေးရွာအုပ်စုရှိ ခွန်စိုင်ယန်ကျေးရွာသင်္ချိုင်းအနီးရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချစ်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။