close
Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ ​နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။

KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်များက ​သေ​ဘောဘိုးစခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရ စဥ်။ဓါတ်ပုံ-Cobra Column 2 Venom

ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ ​နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။

KNU တပ်မဟာ(၆)နယ်မြေရှိ ဘလယ်ဒို၊ ကနဲလေး၊ သေ့ဘောဘိုး စခန်းများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို မေလ နောက်ဆုံးပတ်နှင့် ဇွန်လဆန်းတွင် ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဝေါ်လေ၊ ဥကရစ်ထ၊ ထီးကပလယ်စခန်းများအပါအဝင် စစ်တပ်စခန်း ၄ခုသာ ကျန်တော့သည့် အခြေအနေတွင် လက်ကျန်စခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

“ထီးကပလယ်တော့ ထိုးတာကြာပြီ။ နည်းနည်း နည်းနည်းလေ။အခုက ကိုယ့်လူမထိအောင် နည်းနည်းနည်းနည်း ထိုးလာတာကြာပြီ။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စခန်းသိမ်းပိုက်နိုင်ရေး တက်ရောက်တိုက်ခိုက်သည့် ပုံစံမဟုတ်ဘဲ စစ်ကောင်စီတပ်စခန်းကို ဒရုန်း၊ စနိုက်ပါ အသုံးပြုပြီးတိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထီးကပလယ်တွင် စစ်ကောင်စီ၏ အမှတ် ၃၂ ခြေလျင်တပ်ရင်း( ခလရ ၃၂) နှင့် အမှတ် ၅၈၅ ခြေမြန်တပ်ရင်း (ခမရ ၅၈၅) တပ်တို့ အခြေချနေ တပ်စွဲ ထား​သောစခန်းဖြစ်သည်။

“ထီးကပလယ် မကဘူး တခြားစခန်းမှာလည်းတရစ်ပြီးတရစ်ပဲ။ဝေါ်လေတို့ ဥကရစ်ထတို့မှာလည်း အဲဒီလိုပဲ။ သူများမတက်ဘူး သူများအဲဒီလိုချဉ်း

ကပ်ပြီးတော့ သူတို့ စစ်ကူမလာနိုင်တဲ့အခါကျတော့ စနိုင်ပါနဲ့ဘာနဲ့ အဲဒီလိုပဲတိုက်နေတာပေါ့။စစ်ဆင်တာဆို အကုန်လုံး စစ်ဆင်တာပဲလို့ ပြောလို့ရတယ်။ ဝုန်းကနဲ တက်သိမ်းတာတော့ မဟုတ်ဘူး။ အဲဒီနည်းက ကိုယ့်လူလည်းမနာအောင် ဟိုဘက်ကလည်း မခံနိုင်အောင် အဲဒါပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU နှင့် တော်လှန်ရေး ပူးပေါင်းတပ်အနေဖြင့် ယခု ၂၀၂၅ အတွင်း နယ်စပ်စခန်းများအားလုံးသိမ်းပိုက်နိုင်ရေးအတွက် ရည်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

KNU အနေဖြင့် တပ်မဟာ နှင့်ခရိုင် ၇ခုရှိရာ ခရိုင်၊ တပ်မဟာ အသီးသီးတွင် စစ်ရေးတိုးမြှင့်လုပ်လျက်ရှိသည်။ တပ်မဟာ(၇)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)နယ်မြေများ ရှိ စစ်ကောင်စီတပ်စခန်းများစွာကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာရရှိခဲ့ပြီးစစ်သုံ့ပမ်းများလည်းဖမ်းမိခဲ့သည်။ နယ်စပ်စခန်းများသိမ်းပိုက်ရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။

KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက “ပထမဦးဆုံး​ခြေလှမ်းက​တော့ အထူးသဖြင့်ထိုင်းနယ်စပ်မှာရှိတဲ့ ၊အထူးသဖြင့်ကျွန်​တော်တို့ နယ်​မြေကိုလာပြီးစိုးမိုးယူထားတဲ့ နှစ်​ပေါင်း ၃၀ ​ကျော် ကာလ ထိုင်းနယ်စပ်တစ်​ကြောမှာရှိတဲ့ တပ်ဖွဲ့​တွေကို​တော့အ​ပြောင်ရှင်းဖို့ ပထမဆုံးလို့​ပြောလို့ရတာ​ပေါ့” ဟု ​ပြောသည်။

“​ပြောရမယ်ဆိုရင်​တော့ ဒီမိုင်​ပေါင်း​ထောင်ချီတဲ့ အဲဒီထိုင်းနယ်စပ်ကရှိတဲ့ စစ်​ကောင်စီရဲ့တပ်စခန်း​တွေကို​ကျွန်​တော်တို့ ရှင်းထုတ်လိုက်လို့ ရပြီလို့ ​ပြောလို့ရတာ​ပေါ့​နော်၊အကုန်အစင်မဖြစ်​သေး

သည့်တိုင်တောင် နည်းနည်းပါးပါးပဲကျန်​တော့တဲ့အ​နေအထားမှာရှိတယ်။ဒါကကျွန်​တော်တို့ရဲ့ ပထမ​ခြေလှမ်းလို့​ပြောလို့ရတယ် ။ဒီက​နေတဆက်တည်းကျွန်​တော်တို့​ရှေ့တိုးရမယ်” ဟုKNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့်မေးမြန်းခန်း (ပထမပိုင်း) ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြန်မာ-ထိုင်း နယ်စပ်တလျှောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်တိုက်သိမ်းယူလာချိန်မှာ နောက်ထပ် ခြေလှမ်းကို ထပ်လှမ်းဖို သေချာပြင်လို ရပြီလို KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s...

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိသေ့ဘောဘိုး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ကျော်သေဆုံးကာ ၇၀ ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။