close
Connect with us

Hi, what are you looking for?

သတင်း

ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇွန်-၆၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအမှုသည် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူ၏ ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ကနဦးတွင် အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခြင်းဟု သိရသည်။

“အုပ်စုဖွဲ့ကျူလွန်ခဲ့တဲ့သဘောပဲ။ ကျတော်တို့က ဒီအမှုကို လူသိရှင်ကြားနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ပြောချင်ပါတယ်”ဟု ရခိုင်ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

သံသယတရားခံ (၈) ဦးအား DLEPSက ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက သတင်းထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့်အဆိုပါအမှုသည် ကျူးလွန်ခံရသူနှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း(၁၁)ဖွဲ့က မေလ ၁၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင် ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ ရိုးမလမ်းဖြစ်သော အမ်း-ပဒါန်းလမ်းပေါ်မှ စစ်​ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

သတင်း

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

သတင်း

တရုတ်ရင်းနှီးမြှပ်နှံမှုစီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မေလ တတိယလပတ်အတွင်း တိုက်ပွဲများ၌ တပ်မ(၁၁)မှဗိုလ်မှူးချုပ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး ဒု ဗိုလ်မှူးကြီးတစ်ဦး နှင့် စစ်သုံ့ပန်းများကိုလည်း အာရက္ခတပ်တော်((AA)ကဖမ်းဆီးနိုင်ခဲ့သည်။

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA)က တစ်ကျော့ပြန် ထိုးစစ်စတင်မည်ကို စိုးရိမ်နေသည့်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားတိုးထားပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားသည်။

Facebook