close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနားကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ်

ဇွန် ၆ ၊၂၀၂၅။ ရဲခေါင်/People’s Spring

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနားကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

ယနေ့(ဇွန်လ ၆ ရက်) နံနက်ပိုင်း ပြင်ပရွှေစျေးကွက် အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ရှစ်သောင်း ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇၃ သိန်း ခြောက်သောင်းကျပ်ဝန်းကျင်ရှိလာသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့ထက် တစ်ဒေါ်လာ လျှင် ဝယ်စျေး ၄၄၀၀ ကျပ် နှင့်ရောင်းစျေး ၄,၄၃၀ ကျပ် ရှိသည်။

“ရွှေစျေးကတော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တစ်ကျပ်သား ကျပ်တစ်သိန်းလောက်တက်တယ်။ ကမ္ဘာ့ စျေးအပေါ်မူတည် ပြီးတက်နေတာလို့ပြောရတယ်”ဟု ပြင်ပ ရွှေစျေးကွက်၌ အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ရွှေစျေးတက်နေသည်ကို ရှင်းပြသည်။

ဒေါ်လာစျေးမှာမူ အရောင်းထက် အဝယ်လိုက်လာ၍ ယခင်ရက်ပိုင်း စျေးထက် တစ်ဒေါ်လာ ၃၀ ကျပ်တက်လာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူက အသိပေးသည်။

“ငလျင်အပြီး စီးပွားရေးနဲ့ ဒေါ်လာလိုအပ်ချက် က လိုကိုလိုနေတာ။ပိုဆိုးတာက မနေ့က ILO ရဲ့ Article 33 ပါ ပါလာတော့ ဘာဆက်ဖြစ်မလဲဆိုတာ တွေးကြည့် ပြေးကြည့်တာနဲ့ရှင်းပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဒေါ်လာစျေးတက်လာနိုင်မှုကို ပြောသည်။

ယမန်နေ့(ဇွန်လ ၅ ရက်)က စစ်​ကောင်စီကိုအ​ရေးယူဒဏ်ခတ်ရန် ILO ၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံ ၌ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းထားသည့် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့်နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်များကို ရပ်တန့်ကာ စစ်ကောင်စီကို အကြမ်း ဖက်စစ်တပ်အဖြစ် တရားဝင်သတ်မှတ်ခြင်းနှင့် စစ်တပ်မှကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ ပါဝင်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်တို့သည် စစ်ကောင်စီနှင့်ဆက်နွယ်ပတ် သက်မှုကိုရှောင်ကြဥ်ရတော့မည်လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ သိရသည်။

သတင်း

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်လာပြီး ပြည်တွင်း ရွှေစျေးကွက်မှာလည်း တစ်ကျပ်သား ကျပ်၆၆ သိန်းကျော်လာကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

သတင်း

ယနေ့ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၉၈၅,၀၀၀မှ ကျပ် သိန်း ၄၀ အထိ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၉၀၀မှ ကျပ် ၄၀၀၀ ကြား ပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

သတင်း

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

Facebook