close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လာသည့် စစ်တပ်ရဟတ်ယာဉ်နှင့် KIA ပူးပေါင်းတပ် အပြန်အလှန်ပစ်ခတ်

ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်သို့ လူလာခေါ်သည့် စစ်တပ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ် တဦးက ပြောကြားသည်။

ဇွန်လ ၄ရက်နေ့လည်ပိုင်းက ဖားကန့် တပ်မကုန်းသို့ ရဟတ်ယာဉ် ၁ စီး ဆင်းသက်သက်ရန် အခြား ရဟတ်ယာဉ် ၁ စီးဖြင့် ပတ်ပတ်လည်ကို ပစ်ခတ်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်တွင် အသိပေးထားသည်။

“ဖိုက်တာကပစ်ကူပေးပြီးလူလာခေါ်သွားတယ်” ဟုအခြားကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လူလာခေါ်သည့် အခြေအနေ ကို စုံစမ်းနေဆဲဖြစ်ပြီး ကချင်သတင်းရင်းမြစ်အချို့၏ အသိပေးချက်တွင် တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရဟတ်ယာဉ်လာရောက်သည့် ရုပ်သံမှတ်တမ်းကိုလည်းတွေ့ရပြီး ပစ်ခတ်သံအချို့ကိုလည်း ကြားရသည်။ သို့​သော် ရဟတ်ယာဥ်ထိမှန်ပျက်ကျခြင်းမရှိ​ပေ။ KIA သည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ် ရဟတ်ယာဥ်​၊​လေယာဥ် စုစု​ပေါင်း ၅ စီးကိုပစ်ချထားသည်။

“သူပစ် ကိုယ်ပစ် ပစ်ကြတယ်။အရပ်သားထိခိုက်မှု ရှိတယ်။တပ်မမှူးကို လာဘ်စားမှုအမိန့်မနာခံမှုနဲ့လာဖမ်းတယ်။မြေပြင်မှာထပ်မီးရှို့တယ်။ “ ဟုကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားပြီး ရဟတ်ယာဉ် လာရောက်သည့် ရုပ်သံကို ဖော်ပြသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကမူ တပ်မမှူးကို လာခေါ်ခြင်းမှာ ဇွန် ၃ ရက်​နေ့က ဖားကန့်ဒေသ ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုး ဝင်ရောက်လာရာ ဇွန်လ ၂ရက်၊၃ရက်နှင့် ၄ရက်နေ့များတွင် လုံးခင်းဒေသ မှော်စီစာရှိ လုပ်ကွက်များအတွင်း ယာဥ် များကို မီးရှို့ဖျက်ဆီးခဲ့သည်။ထို့အပြင် မှော်စီစာ ရှိ တင်အောင်ကြိုင်လုပ်ကွက်၌ လက်နက်ကြီး ကျည်သို့မဟုတ် ဒရုံးဗုံး ကျခဲ့ပြီး​နောက် ယမ်းဂိုဒေါင်ဟု ယူဆရသည့် နေရာတွင် ကြီးမား​သောပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ရုပ်သံ-Naw Tu Awng

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၄၊၂၀၂၅။ ယောနသံ/People’s Spring စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့သည့်ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အနီးရှိ အခြားလုပ်ကွက်တစ်ခုကိုစစ်ကောင်စီက ဇွန် ၄ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။ ယနေ့ ဇွန်လ ၄ရက် နံနက်အစောပိုင်း၌ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် ၁နာရီခန့်တွင် မြဥယာဥ်ကုမ္ပဏီအတွင်းသို့ ဝင်၍ မီးရှို့နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။...

သတင်း

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် ကချင်အထူးဒေသ (၁)ကိုလည်း ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်အများအပြားဖြင့် စစ်ကြောင်းထိုးရန်စီစဥ်နေသည်။

Facebook