မေ ၂၇၊၂၀၂၅။ သုည/People’s Spring
မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့တွင်း တနေရာတွင် သပိတ်အင်အားစုမှ လူငယ်တွေက “STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR” ၊ “ဒို့ကလေးတွေကို သတ်ဖြတ်နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” စာသားချိတ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
လာမယ့် ဇွန်လ၂ရက်နေ့နဲ့ ၃ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ့် အစည်းအဝေးမှာ စစ်ကောင်စီအားအရေးယူနိုင်ရေး “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာက လေယာဉ်ဗုံးဒဏ်ထိထားတဲ့ အဆောက်အဦး အပျက်အစီးတွေကြားမှာ မှော်လှည့်သပိတ်နဲ့ တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILOရဲ့ပုဒ်မ(၃၃)အရအရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
သပိတ်ကော်မတီဝင်တွေက “Vote ILO Article 33 to Save Lives” စာသားကိုင်ဆောင်ကာ စစ်ကောင်စီကို အရေးယူနိုင်ရေး ထောက်ခံမဲပေးစေဖို့ တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ – လက်ပံတောင်းတောင်သပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဖားကန့်သပိတ်
