close
Connect with us

Hi, what are you looking for?

သတင်း

လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ် နည်းပညာကိုသုံးပြီး စစ်ကောင်စီ ဖမ်းဆီးမှုတွေစတင်နေ

လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် (PSMS) နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ရေးအချက်အ လက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူတွေ ရှိလာနေပြီလို့ စစ််ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးလေ့ကျင့်ခန်းရဲ့ကွပ်ကဲမှုနေရာ (ပုံဟောင်း) ဓာတ်ပုံ - CINCDS

မေ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် (PSMS) နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ရေးအချက်အ လက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူတွေ ရှိလာနေပြီလို့ စစ််ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

လူပုဂ္ဂိုလ်စိစစ် ၊ စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System) နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူအချို့ ကိုလည်းစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့က အခုရက်ပိုင်းမှာ ဓာတ်ပုံတွေနဲ့တကွဖော်ပြလာပါတယ်။

မေလ တတိယပတ်အတွင်း ရှမ်းပြည်နယ် မှာ အသက် ၂၅ နှစ်ဝန်းကျင်အမျိုးသမီး ၂ ဦးကို PSMS စနစ်နဲ့တိုက်ဆိုင်စစ်ဆေးရာမှာ တရားခံပြေး ၂ ဦးဖြစ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၂ ရက်က လဲချား – မိုင်းနောင် – ကျေးသီး လမ်းဆုံမှာ စစ်ဆေးရာ ရန်ကုန်တိုင်း ၊ တောင်ဒဂုံမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် မချစ်စုကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။

ရက်ပိုင်းအကြာ မေလ ၂၅ ရက်မှာလည်း နမ့်စန်မြို့ ၊ ထင်းရှုးမြိုင််စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့အမှုဖွင့်ထားတဲ့ နမ့်စန်မြို့နေ အသက် ၂၆ နှစ်အရွယ် မနန်းချယ်ရီထွန်းကို ဖမ်းမိတယ်လို့ ဝါဒဖြန့်ချန်နယ်တွေက ရေးသားထားပါတယ်။

အကြမ်းပုဒ်မ ၅၀ (ည) ကတော့ အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကို ဖမ်းဆီးရာမှာ အမှုဖွင့်လေ့ရှိတဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ မတ်လကနေ လက်ရှိ မေလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် PSMS စနစ်နဲ့ တိုက်ဆိုင်ဖမ်းဆီးထားသူ ၁၆၅၇ ဦးရှိတယ်လို့ သိရပါတယ်။

မန္တလေးရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးရဲ့ပြောပြချက်အရ PSMS စနစ်ထဲမှာ နိုင်ငံရေးအရ အမှုဖွင့်ထားသူတွေ ၊ အလိုရှိသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အချက်အလက်တွေကို စုစည်းရာမှာတော့ မှတ်ပုံတင် ၊ စမတ်ကတ် (Smart card) ၊ ပတ်စ်ပို့ (Passport) ပြုလုပ်ရာမှာ ရရှိထားတဲ့ အချက်အလက်တွေကိုလည်းထည့်သွင်းထားတယ်လို့ မန္တလေးရဲတပ်ဖွဲ့နဲ့နီးစပ်သူ ကဆိုပါတယ်။

” အဓိကတော့ ဟိုတယ်၊ ဘဏ်၊ မှတ်ပုံတင်မဖြစ်မနေပေးရမယ့် နေရာတွေမှာ ဒီစနစ်ကို မဖြစ်မနေသုံးရမယ်ဆိုတာ ညွှန်ကြားချက်ရှိတယ်”လို့ အဲဒီသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်း - မန္တလေးတံတား (ရတနာပုံမြစ်ကူးတံတား)ပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီကပြန်ရုတ်သိမ်းသွားပြီး စစ်သားတွေ‌‌တော့ ကျန်နေသေးတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

သတင်း

ထိုင်းနိုင်ငံမှာ စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်း မောင်းပြေးဖို့ ကြိုးစားရာကနေ ကားတစ်စီး မတော်တဆမှုဖြစ်ပြီး မြန်မာနိုင်ငံသား ၇ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။