close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တိိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ယနေ့(ဧပြီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ − မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့

ဧပြီ ၂၈၊၂၀၂၅။ ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တိိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ယနေ့(ဧပြီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

(၂၉)နှစ်အရွယ် ရဲဘော်ကျော်ရှိန်သည် ဧပြီ ၂၇ ရက်တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ပြီး ကျွဲချိုတပ်ခွဲ၏ (၁၀)ဦးမြောက် အာဇာနည်သူရဲကောင်းကြီးတစ်ဦးဟု အသိပေးသည်။

” လူငယ်တစ်ယောက် ဒီတော်လှန်ရေးမှာ အသက်နဲ့ရင်းပြီး အများအတွက် ပေးဆပ်ချင်စိတ်၊ မွန်မြတ်တဲ့ စိတ်ထားနဲ့ သွေးမြေကျ စတေးရဲခဲ့တဲ့ စိတ်ဓါတ်တွေကို အာဇာနည်သူရဲကောင်းများအားလုံး မင်းကိုလေးစားဂုဏ်ပြုသလို ကျန်ရစ်ခဲ့တဲ့ မင်းမိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းကောင်း ငါတို့ရဲဘော် တွေအားလုံးလဲ မင်းကိုအမှတ်ရ အလေးနီပြုနေအုံးမှာပါ”ဟု ကျွဲချိုတပ်ခွဲတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော်ကျော်ရှိန်သည် လေးလကျော် စစ်ရေးအရှိန်မြင့်နေသည့် မိုးဗြဲဒေသ၌ စစ်ကောင်စီတပ်၏ ထိုးစစ်၊ ခံစစ် တိုက်ပွဲတိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူဟု ဆိုသည်။

ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီသည် ယမန်နေ့(ဧပြီ ၂၇ ရက်)ကစ၍ အင်အား (၁၀၀)ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ ဗျူဟာမှူးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက် ၅နာရီတွင်လည်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ခမရ(၄၂၂)တပ်ရင်းမှ ယခု ဧပြီအတွင်း ဒုတိယအကြိမ်အင်အား ၃၀၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာကြောင်း အသိပေးသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့ ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် အခြားမဟာမိတ်တပ်ပေါင်းစုသည် ခုခံ၍ ပြင်းထန်သည့်တိုက်ပွဲတစ်ခုထပ်မံဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် ထိခိုက်မှုများသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်အခြေစိုက်တပ်များမှ လက်နက်ကြီးတရစပ်ပစ်ကူသည့်အပြင်၊ ဂျက်ဖိုက်တာဖြင့်ပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မူကြောင့် မိုးဗြဲမြို့ လူထုနေအိမ်အများအပြားထပ်မံပျက်စီးခဲ့ရကာ ကရင်နီတပ်ပေါင်းစု၏ ရှေ့ကာကင်းတစ်ခုပေးလိုက်ရပြီး ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသည်ဟု ဗျူဟာမှူးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များက မိုးဗြဲမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိပြည်သူများအနေဖြင့်လည်း အမြန်ဆုံးဝိုင်းဝန်ကူညီရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် ပြင်းထန်နိုင်သည့် မိုးဗြဲမြို့တိုက်ပွဲကြောင့် ပြည်သူများအနေဖြင့် မြို့ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေနေစုံစမ်းရန် သတိပေးသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ပြန်လည်ရရှိပါက လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ထိန်းချုပ်ကာ ရှမ်းပြည်တောင်ပိုင်းရှိ တပ်ကူများကို ကရင်နီပြည်နယ်တွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့်အခြေအနေရှိလာနိုင်မည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းပစ်ကူသုံးနေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

Facebook