close
Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကြေညာသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်ပြုလုပ်

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

၂၀၂၅ ဧပြီ ၁၃ ရက်က စစ်ကောင်စီ ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဧပြီ ၂၂ရက်က ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ အပစ်ရပ်စဲရေးကြေညာချက်သည် “အမည်ခံ ငလျင်အပစ်အခတ်ရပ်စဲရေး – ငလျင်အပစ်အခတ်ရပ်စဲရေး”ဟု ဆိုထားသည်။

ကိုယ်တိုင်ကြေညာထားသော ကြေညာချက်ကိုလေးစားခြင်းမရှိဘဲ စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နှင့် ပေါက်တော တို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း AA၏ သတင်းပြန်ကြားရေးတာဝန်ခံခိုင်သုခက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်လေယာဉ်၊ဒရုန်း၊စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်းအပြင် ရေတပ်သင်္ဘောများမှ ပစ်ခတ်ခြင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများအတွင်းတွင် အရပ်သားတစ်ဦး သေဆုံးပြီး၊ ၂၈ဦး ဒဏ်ရာရကာ ဒဏ်ရာရသူများအနက် ၅ ဦးမှာ အသက်(၅)နှစ်မှ (၁၄)နှစ်အကြားရှိ ကလေးများဟု ဆိုသည်။ထို့အပြင် နေအိမ် ၂၁ လုံး၊ စျေးဆိုင် ၂ ဆိုင်နှင့် ဘာသာရေးအဆောက်အဦး တစ်လုံးအပါအဝင် အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ပါသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် လုပ်ဆောင်ချက်ဟု ဆိုသည်။

အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ဧပြီ ၁ ရက်မှစ၍ တစ်လကြာ တစ်ဖက်သတ် အပစ်ရပ်မည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသောအပစ်ရပ်ကြေညာချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊လေတိုက်ခိုက်မှုများဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း AAက ဧပြီလ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ဧပြီ၂၂ရက်အထိ အပစ်ရပ်မည်ဟုကြေညာခဲ့ပြီးနောက် ဧပြီလကုန်အထိ အပစ်ရပ်ကာလ သက်တမ်းတိုးထားသည်။ သို့သော် ဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေ

သတင်း

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook