Hi, what are you looking for?
အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရှုံးပြီးတော့ အာက္ခတပ်တော်(AA)ကဖမ်းဆီးထားတဲ့စစ်တပ်မှဗိုလ်ချုပ်မှတပ်သားအထိ့စစ်သုံ့ပန်းတွေ၊စစ်သုံ့ပန်း မိသားစုဝင်တွေ ထားတဲ့နေရာတွေ ၊အကျဥ်းစခန်းတွေကို ဦးတည်းပစ်မှတ်ထားဗုံးကြဲတာကြောင့် သေဆုံးစစ်သားနဲ့ မိသားစုဝင် အနည်းဆုံး၂၂၆ ဦးထိရှိလာပြီဖြစ်ပါတယ် ။ ဒါ့အပြင်အနည်းဆုံး ၉၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါက People's Spring စုဆောင်းထားတဲ့အချက်အလက်တွေအရပဲဖြစ်ပြီး ကျန်ခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိနိုင်ပါသေးတယ်။