close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှနှင့် ငဖဲနယ်ရှိ တပ်စခန်းများအား တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများ၊ စစ်မှုထမ်းများဖြင့် အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

စစ်မှုထမ်းတပ်သားသစ်အချို့အား စစ်ကောင်စီတပ်က သင်တန်းပေးနေစဉ်။ ဓာတ်ပုံ − စကစ

ဧပြီ ၂၃၊၂၀၂၅။ခွာညို/People’s Spring

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

ပုသိမ် − မုံရွာလမ်းပိုင်းရှိ ပဒါန်း၊ ကန်တုတ်၊ ရှမ်းတပ်ကြီးစခန်းများကို စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စခန်းတွေကို အင်အားဖြည့်တင်းလာတာရှိတယ်။ မူလထက် တစ်ဆ ထပ်တိုးပြီး ခြေကုတ်ယူလာတယ်။ ဒီစခန်းတွေက ရန်သူရဲ့ အဓိကခံစစ်ဗျူဟာစခန်းကြီးတွေ ဖြစ်လာတဲ့သဘောပဲ” ဟု အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အထက်မင်းလှမြို့နယ်တို့သည် သုံးပွင့်ဆိုင် ထိစပ်နေသည်။ အာရက္ခတပ်တော်(AA)က အမ်းမြို့နယ်ကို သိမ်းယူပြီးနောက် အထက်မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့သည်။

ယခု အင်အားတိုးလာသည့် စစ်ကောင်စီတပ်များတွင် အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များမှ ထုတ်နုတ်အင်အားများလည်း ပါဝင်သည်ဟု သတင်းရရှိသည်။ လက်ရှိတွင် ကပစ နေရာများထက် ရခိုင်ရိုးမအစပ်နေရာများနှင့် ပုသိမ် − မုံရွာလမ်းတလျှောက်ကို အင်အားတိုးနေခြင်းဖြစ်သည်။

“ကပစတွေကိုကတော့ သူတို့ အမာခံနေရာတွေမှာ တည်ဆောက်ထားတာရယ်။ ပြီးတော့ လက်ရှိအနေအထားအရ တော်လှန်ရေးတပ်ဖွဲ့တွေ လွယ်လွယ်မဝင်ရောက်နိုင်တဲ့အတွက် ပုံမှန်ပဲ ရှိနေသေးတယ် ပြောရမှာပါ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်မင်းလှမြို့နယ်တွင် ကပစ(၂)၊ ကသစ(၁၀)နှင့် ကပစ(၁၃) တို့ရှိနေသည်။ ကပစ(၂) သည် အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမြောက်ဘက်၌ တည်ရှိသည်။ ကျည်ဆန်များ၊ အမြောက်ကျည်များ အဓိကထုတ်လုပ်သည်။ ကပစ(၁၀) သည် အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင် တည်ရှိပြီး တာဝေးပစ်ဒုံးကျည် (missile) များ၊ ဒုံးကျည်များ ထုတ်လုပ်သည်။ ကပစ(၁၃) သည် မိုင်းအဓိက ထုတ်သည်။

လတ်တလော အခြေအနေများကြောင့် ပုသိမ် − မုံရွာလမ်းနှင့် ဒေသတွင်း လမ်းအသုံးပြု ခရီးသွားပြည်သူများ စစ်ကောင်စီနှင့် အနီးကပ်မနေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ပုသိမ် − မုံရွာလမ်းပိုင်းသည် ဧရာဝတီတိုင်း ပုသိမ်မြို့မှ စစ်ကိုင်းတိုင်း မုံရွာမြို့အထိ ဖောက်လုပ်ထားပြီး အဆိုပါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများကလည်း ကြိုးပမ်းနေသည်။

တပ်မ(၉၉) ကွပ်ကဲမှုအောက်၌ ခမရ(၃၁၅)၊ ခမရ(၁၁၃) ၊ခမရ(၄၁၇)၊ခမရ(၄၁၈)၊ခမရ(၄၁၉) ၊ခမရ(၄၂၀)၊ခမရ(၁၅)၊ ခမရ(၁၄)၊ ခမရ(၁၀၉)နှင့် ခလရ(၇၉)တပ်ရင်းများ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။

ဆောင်းပါး

ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။

အတွေးအမြင်

မသီတာ-စမ်း​ချောင်း​ရေးသားသည် လွတ်မြောက်မှုတိုင်းဟာလွတ်လပ်မှုကိုအာမခံနိုင်တာမျိုး မဟုတ်ဘူးလို့ တချို့ဒေသတွေရဲ့ ဒေသခံတွေက သဘောပေါက်သထက် ပေါက်လာနေကြပါတယ်။ စကစလက်အောက်က လွတ်မြောက်တယ်လို့ ဆိုရာမှာ စကစရဲ့အမှုတော်ထမ်း လက်နက်ကိုင်တွေရဲ့ ရန်ကနေ လွတ်မြောက်သွားတာအထိပဲ အနက်အဓိပ္ပါယ်ဆောင်ပြီး ကျန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လူ့ရပိုင်ခွင့်တွေ ဆိတ်သုဉ်းနေဆဲ (ပိုပြီးဆိတ်သုဉ်းလာတာမျိုးထိ) ဖြစ်နေတာကို ကြားသိရမှာပါ။ စကစရဲ့...

ဆောင်းပါး

စကျင်ကျောက်သားဖြူဖြူနဲ့ထုထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ စတစ်ကော်လာအဖြူနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့လူတစုက ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ ငါးဆယ်အထက် လူကြီးပိုင်းတွေ မျက်နှာမသာမယာနဲ့ထိုင်နေကြတယ်။

Facebook