close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် တူရွင်းဘို့ရွာ ဗုံးကြဲခံရပြီး အရပ်သား ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

လေတပ်စခန်းနှစ်ခုအနီးမှာရှိနေတဲ့ တူရွင်းဘို့ရွာကို Google Earth က တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြင်းခြံမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့် အကွာမှာရှိတဲ့ တူးရွင်းဘို့ ရွာ ည ၁၀ နာရီခန့်မှာ ဗုံးကြဲ ခံရတာဖြစ်ပြီး အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာပါ။

သေဆုံးသူ ၄ ဦးအနက် ဦးငွေသောင်း၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်ဖြူသီ တို့ ၃ ဦးဟာ နေရာမှာတင် ပွဲချင်းပြီးဆုံးပါးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ၃ ဦးဟာ အသက် ၇၀ နဲ့ ၅၀ ကြားအရွယ်တွေဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။

နောက်ထပ် ဆုံးပါးသူ ကတော့ အသက် ၅၀ အရွယ်အမျိုးသမီးကြီး ဖြစ်ပြီး လက်ပြတ်တောက်သွားတဲ့အတွက် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ ဒေသခံ က ဒီနေ့ နေ့ခင်းပိုင်း ၁ နာရီက ပြောပါတယ်။

မနေ့ညပိုင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုမှာ ထိခိုက်သူ ၅ ဦး လည်း ရှိနေပြီး ဒဏ်ရာပြင်းထန်ကြတယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံဆီ ပို့ဆောင်ဖို့ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်က လူနာတင်ကားကို ပေးမဖြတ်လို့ လက်ရှိအချိန်ထိ ပို့ဆောင်နိုင်တာမရှိသေးဘူးလို့ ဖြစ်စဉ်ကို သိရတဲ့ဒေသခံ က အသိပေးပါတယ်။

စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲသွားတဲ့ တူရွင်းဘို့ရွာ က မန္တလေးတိုင်း မြို့သာ – မြင်းခြံ- ညောင်ဦး ကားလမ်းဘေးမှာတည်ရှိတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ မနေ့ကညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့(ဖေဖော်ဝါရီ ၁၇ရက်)မနက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရန် ၊ရှောင်ရန်အချက် များကို ယခုရက်ပိုင်းအတွင်း အပိုင်းလိုက် အသိပေးထုတ်ပြန်လျှက်ရှိရာ လေကြောင်း တိုက်ခိုက်ခံရစဉ် ရှောင်ရန်အချက်များနှင့် နေအိမ်များ စွန့်ခွာရပါက ဆောင်ရွက်သင့်သည့် အချက်များအကြောင်း ယမန်နေ့နှင့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် အသိပေးထုတ်ပြန်သည်။