မေ – ၇ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ဘားအံခရိုင်ထဲက တခေါဘီထ စခန်းကို ဒီနေ့ (မေလ ၇ ) မနက်ပိုင်းကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) လက်အောက်ခံတပ်တွေ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
နယ်စပ်အနီးမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ အဲဒီတပ်စခန်း တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲကြောင့် စစ်ကောင်စီတပ်စခန်းအနီးတဝိုက်က ကျေးရွာတွေမှာနေထိုင်ကြသူဒေသခံတွေလည်းစစ်ရှောင်နေကြရပါတယ်။ လုံခြုံရေးကြောင့် ရွာ အမည်တွေကိုတော့ချန်လှပ်ထားပါတယ်။

Public Service Announcement
KNU တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေမှာရှိတဲ့ ထိုင်း – မြန်မာ နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေဟာ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရတာပါ။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာဆိုရင် လေးဝေါ် ( မော်ဖားသူ) တပ်စခန်းကို KNU တပ်မဟာ (၇) ကတိုက်ခိုက်သိမ်းယူထားပါတယ်။
ဒါအပြင် အခုနှစ်အတွင်းမှာ ထိုင်း – မြန်မာ နယ်စပ်အနီးကပူးလူးတူစခန်း၊ ခလယ့်ဒေးစခန်း တွေကိုလည်း စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပါတယ်။
