close
Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့ဆီ စစ်ကူတက်တဲ့ စစ်ကြောင်း ပိတ်ဆို့ တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ၊ကျုံဒိုးမြို့ တိုက်ခိုက်မခံရအောင် စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန် တပ်မ ဌာနချုပ် (၂၂) လက်အောက်ခံ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

မေ – ၇၊ ၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ် ၊ကျုံဒိုးမြို့ တိုက်ခိုက်မခံရအောင် စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန် တပ်မ ဌာနချုပ် (၂၂) လက်အောက်ခံ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ကျုံဒိုးမြို့ဆီကို စစ်ကူတက်ရာမှာ တပ်မ (၂၂) လက်အောက်ခံ တောင်ကလေးအခြေစိုက် အမှတ် (၂၀၂ ) ခြေမြန်တပ်ရင်း အပြင် တနင်္သာရီ တိုင်း၊ မြိတ်မြို့အခြေစိုက်၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက် အောက် ခံတပ်ဖွဲ့တွေက ထုတ်နုတ်အင်အားတွေပါဝင်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ဝန်းကျင်ပါရှိပြီး ဧပြီလကုန်ပိုင်းက ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာ နားကို စစ်ကြောင်းထိုးလာရာမှာ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုး တစ်ဦး ၊ ဗိုလ်ကြီးတစ်ဦး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

“ဗိုလ်မှုးက ယာယီတပ်ရင်းမှုးလို့ သိရတယ်၊ နောက်ပြီး သုံးပွင့် ဗိုလ်တစ်ဦးလည်း ပါတယ်၊ အလောင်းတောင် လာမကောက်ဘူး” လို့ အဲဒီကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Lion Battalion Commando စစ်ကြောင်းရုံးရဲ့ ဧပြီလ ၃၀ ရက်က ရုပ်သံ ဖော်ပြချက်အရ ကွင်းပြင်တစ်နေရာမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းအချို့ကို တွေ့ရပါတယ်။

ဒါအပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

ကျုံဒိုးမြို့ အသိမ်းမခံရရေးနဲ့ ၁၉ မိုင်ခန့်ရှည်လျားတဲ့ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့တဖက်ကမ်း ဘားအံမြို့နယ် ၊ ဂျိုင်းရွာအုပ်စု ရိုးမဟာကျေးရွာမှာ အင်အားစုဖွဲ့ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။

ကျုံဒိုးမြို့ပေါ်မှာတော့ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း ၊ အမှတ် ( ၅၄၆) ခြေမြန်တပ်ရင်းနဲ့ ဗျုဟာ စခန်းကုန်း ရှိပါတယ်။

အဲဒီတပ်ရင်းတွေဟာ ကော့ကရိတ်မြို့အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန် ကာလအတွင်း ကျုံဒိုးမြို့အနီးဝန်းကျင်နဲ့ ကျုံးဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကျုံဒိုးမြို့ကိုလည်း ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ခဲ့တဲ့အခြေအနေ ရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကျုံဒိုးမှာ လက်ရှိအခြေအနေကတော့စစ်ရေးတင်းမာနေဆဲလို့သိရပါတယ်။

ကျုံးဒိုးဆီ စစ်ကူတက်ရာမှာ အထိနာခဲ့တဲ့တပ်မ (၂၂) ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပြီးတပ်မမှုး ဗိုလ်မှုးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA) က ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၈ ရက် က ထုတ်ပြန်ခဲ့ဖူးပါတယ်။

တပ်မ (၂၂ )ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်မဖြစ်ပြီး ကရင်ပြည်နယ် ၊ဘားအံမြို့မှာအခြေစိုက်ထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တောင်ကလေးအကျဥ်းထောင်၌ ထောင်တွင်းဂိုဏ်းဖွဲ့ထားသော ရာဇဝတ်အကျဥ်းသားများက နိုင်ငံရေးအကျဥ်းသားနှစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့(မေလ ၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်န​ယ် ၊ကော့ကရိတ် - ကျုံဒိုးလမ်းတလျောက်က တိုက်ပွဲတွေ ကျုံဒိုးမြို့နားထိ ရောက်လာချိန်မှာ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့ ကရင် အရပ်ဘက်နဲ့ စစ်ဘက် သတင်းရင်းမြစ်တွေထံကသိရပါတယ်။

သတင်း

မီဒီယာ နှင့် တက်ကြွလှုပ်ရှားသူများသတင်း​ဖော်ပြရာတွင်လူထုတိမ်းရှောင်​နေ​သော​နေရာများမ​ဖော်ပြရန် ပန်ကြား

သတင်း

သင်္ကြန် ကာလ အတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ကျုံဒိုးမြို့အနီးက ကျေးရွာ နှစ်ရွာကို စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်သည်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါတယ်။

Facebook