close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့်လုပ်ရပ်ဟု KNU ပြော

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ

စစ်ကောင်စီက KNUနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဧပြီ ၂၇၊၂၀၂၅။ဟန်နွေ/People’s Springf

အာဏာသိမ်းစစ်ကောင်စီက အပစ်ရပ်စဲရေးကြေညာထားသော်လည်း ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်မှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် လုပ်ရပ်ဖြစ်ဟု ဖော်ပြသည်။

စစ်ကောင်စီ အပစ်ရပ်ကြေညာခဲ့သည့် ဧပြီ ၂ရက်မှ ၂၂ရက်အတွင်း KNU အုပ်ချုပ်နယ်မြေများသို့ အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု အခြေအနေကို ယမန်နေ့တွင် စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၁၁၀ကျော် ကျူးလွန်ခဲ့ရာ လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို (၆၃) ကြိမ် ပြုလုပ်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုလေကြောင်းတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁၄) ဦးနှင့် ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါး နှင့် အရပ်သား (၃၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က အသိပေးသည်။

စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၄၃) ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၅ဦး သေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့ဟု ဆိုသည်။

ထိုသို့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်း (၅) ကျောင်း နှင့် နေအိမ် ၂၀ကျော် ထိခိုက်ပျက်စီးခဲ့ရဟု ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ပြည်သူ လူထု၏ နေအိမ်များအား မီးရှိခြင်း (၁) ကြိမ် ပြုလုပ်ခဲ့ပြီး ထိုမီးရှိ ဖျက်ဆီးမှု ကြောင့် နေအိမ် (၄) လုံး နှင့် ဘုရားကျောင်း (၁) ကျောင်းမီးလောင် ပျက်စီးခဲ့ရဟု အသိပေးသည်။

ထို့ပြင် စစ်ကောင်စီတပ်မှအပြစ်မဲ့ အရပ်သားပြည်သူ (၂)ဦးကို အကြောင်းမဲ့ ဖမ်ဆီးခဲ့ပြီး စစ်ကောင်စီ တပ်ထောင်ထားသည့် မိုင်းကြောင့် အရပ်သား ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အပစ်အခတ်ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သော် လည်း ယင်းထုတ်ပြန်ချက်မှာ နိုင်ငံတကာအဖွဲအစည်းများထံမှ “လူသားချင်းစာနာထောက်ထားမှု အကူအညီ များ” အား ၎င်းထံသို စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီသည် လက်တွေ့တွင် ၎င်းတိုအနေဖြင့် တော်လှန်ရေးအဖွဲအစည်းများ အုပ်ချုပ်ထားနိုင်သည့် မြိုရွာများရှိ ပြည်သူလူထုများအား အဓိကပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကြေငြာသော အပစ်ခတ်ရပ်စဲရေးကြေငြာချက်နှင့် ၎င်းတို၏ လက်တွေ့ လုပ်ရပ်များမှာ”ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း”သကဲ့သိုသာ ဖြစ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ထိုသို့သောလုပ်ရပ်များကြောင့် ပြည်သူလူထုများအနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရပြီး တော်လှန်ရေးတပ်များအနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် ကာကွယ်ရေး အစီအမံများအား အဆက်မပြတ် လုပ်ဆောင်နေရမြဲဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် KNUနယ်မြေသာမက ကချင်၊ ရှမ်းမြောက် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရက္ခိုင်၊ ချင်း ၊ ကရင်နီ၊ မွန် ဒေသအသီးသီးကို ၎င်းတို့ အပစ်ရပ်စဲရေးကြေညာထားသည့် ကာလအတွင်း လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ လူထု ရာချီ အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီအနေဖြင့် ကိုယ်တိုင်ကြေညာထားသည့်အပစ်ရပ်စဲရေးကြေညာချက်ကို ကိုယ်တိုင် စည်းဖောက်သည့် လုပ်ရပ်များ ရှိနေပြီး အပစ်ရပ်ကြေညာချက်သည် ယုံကြည်စရာမရှိကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ပြောဆိုထားသည်။သို့သော် စစ်ကောင်စီသည် ဧပြီ ၂၃ရက်မှ ဧပြီ လကုန်အထိကိုလည်း အပစ်ရပ်ကြေညာချက် ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့သည်။​

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။