close
Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲ နှစ်ဖက်တပ်တွေ ရှေ့တိုး၊နောက်ဆုတ်ဖြစ်နေ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ရှေ့တိုး၊နောက်ဆုတ်ဖြစ်နေတယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ဆင်ရေးတာဝန်ခံ ဆရာကောက်ကြီးက ပြောပါတယ်။

မေ ၇၊၂၀၂၅။ ဒီဒီး၊သတိုး/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ရှေ့တိုး၊နောက်ဆုတ်ဖြစ်နေတယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ဆင်ရေးတာဝန်ခံ ဆရာကောက်ကြီးက ပြောပါတယ်။

အမြောက်တပ်ရင်းတွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လတတိယပတ်မှာ တောင်းခမ်းကျေးရွာအနီးက မဲပုတ်ကျေးရွာကို သိမ်းပိုက်ရပြီးနောက် တစ်လအကြာမှာ မဲပုတ်ရွာကနေ (၁)မိုင်ကျော်ဝေးတဲ့ နောင်လင်ကျေးရွာကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

​တောင်းခမ်းနဲ့ (၆)မိုင်ပဲ​ဝေးတဲ့ မဲပုတ်ရွာကို သိမ်းပိုက်စဉ်က အဲဒီရွာရဲ့ တိမ်ပင်လယ်စခန်းကို သိမ်းပိုက်စဉ်က နောင်ချိုမြို့နားက တိမ်ပင်လယ်စခန်းကို သိမ်းရသယောင် ဝါဒဖြန့်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

တကယ်က တောင်းခမ်းဒေသမှာ နှစ်ဖက်တပ်တွေက နေရာတစ်ခုကို သိမ်းလိုက်၊ ပြန်ဆုတ်ပေးရလိုက် အနေအထားဖြစ်နေပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်နေသလို အသာရနေတာ မဟုတ်ဘူးလို့ ဆရာကောက်ကြီးက ပြောပါတယ်။

” အခုလောလောဆယ်တော့ ခံစစ်ရော၊ တိုက်စစ်ရော နှစ်ခုစလုံး Ready ပုံစံမျိုး ပြင်ထားတာပေါ့။
သူတို့က အင်အားသုံးပြီးထိုးလာတာပဲရှိတာပါ။ မြေပြင်ပုံစံအရတော့ မြေပြင်စစ်ကြောင်းမှု‌တွေ ပြောတဲ့ပုံစံအရတော့ သူတို့ထိုးလိုက် သူတို့ရသွားလိုက် ကိုယ်တွေဆုတ်ပေးလိုက် ၊ တကယ်လို့ ကျွန်တော်တို့ ပြန်ထိုးလိုက် ကျွန်တော်တို့ပြန်ရရင်လည်း သူတို့ဆုတ်သွားတယ်။အဲဒီလိုပုံစံမျိုး။ ရှေ့တိုး၊ နောက်ဆုတ်ပုံစံမျိုး ပေါ့”လို့ ဆရာကောက်ကြီးက ပြောပါတယ်။

တောင်းခမ်းဒေသမှာ စစ်ကောင်စီတပ်ကို တအာင်းတပ်မတော်(TNLA)က ဦးဆောင်ပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့၊မိုးမိတ်ခရိုင်ပကဖ နဲ့ ပူးပေါင်းတပ်တွေက ခုခံကာကွယ်နေတာ ဖြစ်ပါတယ်။

တကယ်က စစ်​ကောင်စီတပ်ဟာ ​တောင်းခမ်းနဲ့ (၆)မိုင်ကျော်ပဲ​ဝေးတဲ့ နောင်လင်အထိပဲ ​​​ရောက်​နေတာဖြစ်ပါတယ်။ စစ်တပ်လှုပ်ရှားနိုင်​သေးတာဟာ တောင်းခမ်းဒေသနားက နောင်လင်ရွာဖြစ်ပြီး မြို့နဲ့ ​ဝေး​​နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် တောင်းခမ်းဒေသမှာ စစ်ကောင်စီတပ်တွေ အသာရလာတာ၊ တော်လှန်ရေးတပ်တွေက အမြောက်တပ်ရင်းတွေကို ပိတ်ဆို့ထားရာကနေ ဆုတ်ခွာပေးလာရတာ ၊ နောင်ချိုမြို့နဲ့​ဝေး​သေး​ပေမယ့် မြို့ဘက်လာရာ လမ်းပိုင်းက မဲပုတ်ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာတာ​ကိုတော့ နောင်ချိုခံတွေက စိုးရိမ်နေကြပါတယ်။

အခု စစ်ကောင်စီတပ်ရောက်နေတဲ့ ကျေးရွာတွေက နောင်ချို − တောင်းခမ်းလမ်းပိုင်းရဲ့ ဘေးမှာ တည်ရှိတာ မဟုတ်ဘဲ လမ်းပိုင်းရဲ့ အရှေ့ဘက် အတွင်းပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ် ရောက်နေတဲ့ နောင်လင်ကျေးရွာဟာ နောင်ချိုမြို့နဲ့ (၁၆)မိုင်ကျော်ကွာဝေးပါသေတယ်။

လားရှိုးမြို့ ကိုးကန့်တပ်တွေက စစ်ကောင်စီကို ပြန်လည်ပေးအပ်ပြီးနောက်မှာလည်း စစ်ကောင်စီက တောင်းခမ်းဒေသကို ပိုမိုစစ်ရေးလှုပ်ရှားလာတယ်လို့ နောင်ချိုမြို့ခံ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့ကို သိမ်းပြီးနောက် မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်း လေးခုအထိရှိနေတဲ့ တောင်းခမ်းဒေသတိုက်ပွဲဟာ ကိုးလ​ဝန်းကျင်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုးလ​တိုင် နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစောပိုင်းမှာတော့ တောင်းခမ်းဒေသက အမတ(၄၀၆)နဲ့ အမတ(၂၀၆) အမြောက်တပ်ရင်းနှစ်ခုကို ၂၀၂၄ သြဂုတ် ၂၈ရက်မှာ TNLA နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ အဲဒီနောက် ကျန်တပ်စခန်း နှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။

“မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ အထူးတိုက်ခိုက်ရေးတပ်ရင်း( ၁ )၊တပ်ရင်း( ၂ )နှင့် ရှမ်းမြောက်ပြည်နယ် ညီနောင် ပ.က.ဖများ တောင်ခမ်း စစ်မြေပြင်သို့”ဆိုပြီး မိုးမိတ်ခရိုင် ပကဖက တောင်းခမ်းဒေသကို စစ်ကူစေလွှတ်တဲ့ ရုပ်သံဖိုင် မနေ့က(မေ ၆ရက်)မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ ရှိတာပါ။

အဲဒီထဲက အမြောက်တပ်ရင်းနှစ်ခုကို သိမ်းပိုက်ပြီး ကျန်းတပ်ရင်း ၂ ခုကိုပိတ်ဆို့ထားတဲ့အ​ခြေအ​နေက​နေ ဒီနှစ်ဆန်းပိုင်းမှာပိတ်ဆို့ထားတာ​တွေကို ​တော်လှန်​ရေးတပ်​တွေက ပြန်ဖွင့်​ပေးလိုက်ရပါတယ်။ ဒါ​ပေမယ့် သြဂုတ်လကုန်ပိုင်းကတည်းကသိမ်းထားတဲ့ အမတ(၄၀၆)နဲ့ အမတ(၂၀၆)တို့ကို လက်ရှိအ​ခြေအ​နေကို​တော့ မသိရ​သေးပါဘူး။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်အားဖြည့်တင်းနေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးနေပါတယ်။

နောင်ချို − ပြင်ဦးလွင် လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း ဆရာကောက်ကြီးက ပြောပါတယ်။

“အဓိကက လာတာတော့ ဒရုန်းလာတယ်။လေယာဉ် လာတယ်ပေါ့။ မြေပြင်စစ်ကြောင်းတော့ အင်းဝိုင်းကိုမလာနိုင်‌သေးဘူး။အင်းဝိုင်းမြို့ကို မထိုးနိုင်သေးဘူးပေါ့”လို့ သူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် ယနေ့ (ဧပြီလ ၆ရက်)နံနက်က တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ ဗုံးအသုံးပြု လေကြောင်းမှ တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ်အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

မိထက်/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၈နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ်၊ကုံးစုံကျေးရွာရှိ အိမ်တစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ နေအိမ်မှအမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ Public...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

Facebook