မေ-၇၊၂၀၂၅။ရှိန်း/People’s Spring
မန္တလေးမြို့၊အိုးဘိုအကျဉ်းထောင်က အမျိုးသမီးအဆောင် တွေမှာမူးယစ်မှု၊လုယက်မှုတွေနဲ့ ထောင်ကျနေ တွေက နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို လိင်တူအကြမ်းဖက်မှု တွေကျူးလွန် နေတယ်လို့ နိုင်ငံ ရေးအကျဉ်းသား တွေရဲ့မိဘတွေဆီကသိရပါတယ်။
မူးယစ်မှု၊ လုယက်မှုတွေနဲ့ ထောင်ကျနေတဲ့ အမျိုးသမီးဖြစ်သော်လည်း အမျိုးသားအဖြစ်လိင်စိတ်ပြောင်းလဲခံယူသူ တွေဟာ ငလျင်ဖြစ်ပြီးတဲ့နောက် အတွင်းထဲ ထောင်မကြီးက နေအမျိုးသမီးယာယီအ ဆောင်ကိုပြောင်းရွေ့လာတယ်လို့သိရပါတယ်။
အဲဒီနောက်အိုးဘိုအကျဉ်းထောင်က အမျိုးသမီးယာယီဆောင်မှ ထောင်ဦးစီးမှူး ဒေါ်သွယ်သွယ်ဦးနဲ့ ပေါင်းကာ ထောင်အခန်း ၁ ခန်းယူပြီး နိုင်ငံ ရေးအကျဉ်းသူတွေထဲက ငယ်ရွယ်သူ တွေကိုလိင်စိတ်ကြွ ဆေး ကြွေးကာ လိင်အကြမ်းဖက်မှု တွေကျူးလွန် နေတာလို့ နိုင်ကျဉ်းမိသားစုဝင်တဦးကပြောပါတယ်။

Public Service Announcement
“သူတို့ကအရင် အတွင်းထောင်မကြီးမှာ အခုငလျင်ပီးတော့အထဲကနေ အခုယာယီဆောင်ကိုရွှေ့လာတာ။မူးယစ်နဲ့ကျသူတွေကငွေကိုရေလိုသုံးပီး အကုန်ချုပ်ထားတာ။တော်တော်ကြောက်ဖို့ ကောင်းပါတယ်”လို့ နိုင်ကျဉ်းမိသားစုဝင်တဦးကပြောပါတယ်။
ဒါ့အပြင် ရေချိုးကန်မှာလည်း အလျား ၁၂ ပေ၊၄ပေ၊အမြင့်၆ပေရှိတဲ့ ရေကန်ကို နိုင်ငံရေးအကျဉ်းသူ ရာနဲ့ချီလွှတ်ကာ မိနစ်၂၀အတွင်း ရေအပြီးချိုးခိုင်းပြီး မူးယစ်မှု၊လုယက်မှုနဲ့ ရောက်လာသူ တွေကိုသာ သီးသန့်နာရီဝက် ပေးကာ ရေချိုးခိုင်းတယ်လို့လည်းဆိုပါတယ်။
မန္တလေးအိုးဘိုအကျဉ်း ထောင်ဟာ နိုင်ငံ ရေး အကျဉ်းသားတွေကို ဖိနှိပ်မှုမှာနာမည်ကြီး အကျဉ်းထောင်တခုဖြစ်ပြီး နိုင်ငံ ရေးအကျဉ်းသားတွေပြောင်းရွေ့ ရောက်ရှိလာပါကလည်း ထောင် ပေါက်ဝက နေ ဆီးကြိုရိုက်နှက် လေ့ရှိတယ်လို့သိရပါတယ်။
ဒါအပြင်မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အိုးဘိုအကျဉ်းထောင်အတွင်းမှာအဆောက်အအုံ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသား(၃၀)ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်( PPNM) အပါအဝင် နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း(၇)ဖွဲ့က ထုတ်ပြန်ထားပါတယ်။
