မေ – ၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ထဲက မာန်လည်ကျေးရွာကို မနေ့ (မေလ ၆ ရက်) နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မိန်းကလေး ၁ ဦးအပါအဝင်အရပ်သား ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
မနေ့ နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ မာန်လည်ကျေးရွာ ရွာလယ်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်နဲ့ အသက် ၅၄ နှစ်အရွယ်အမျိုးသားတို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။
” တူအရီးနှစ်ဦး နေရာမှာတင်ပွဲချင်းပြီးဆုံးတာ၊ ဦးလေးကဆို ခါးထက်ပိုင်းပြတ်သွားတာ”လို့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement
ဒါအပြင် လသားအရွယ်ကလေးငယ်နဲ့မိခင် တို့အပါအဝင် အရပ်သား ၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေပြီး စိုးရိမ်ရတဲ့အခြေနေမှာမရှိတော့ဘူးလို့ သိရပါတယ်။ အခုလို ဗုံးကြဲခံရတဲ့ မာန်လည် ကျေးရွာ မှာ PDF တွေမရှိသလို တိုက်ပွဲလည်းမဖြစ်ဘဲ ဗုံးကြဲခံရတာလို့ ဒေသခံအချို့က အသိပေးပါတယ်။ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်ကလည်း မာန်လည်ကျေးရွာကိုစစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
